ရှေ့သို့
Image

အသင်းပိုင်ရှင်များထံမှာ အပြောင်းအရွှေ့အတွက် ခွင့်ပြုချက်ရရှိပြီးနောက် တိုနေးကို စိတ်ဝင်စားလာတဲ့ ပိုချက်တီနို

9:50 AM, 27 October

ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ဘက်အာဆင်နယ်နှင့်အတူ စက်တင်ဘာလတွင် ဘရန့်ဖို့ဒ်တိုက်စစ်မှူးအား စုံစမ်းမှုများပြုလုပ်ခဲ့ပြီး ယခုအခါ သူတို့ရဲ့ စိတ်ဝင်စားမှုကို တိုးမြှင့်လိုက်ပြီဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဇန်န၀ါရီလမှာ ဘတ်ဂျက်အနည်းငယ်ဖြင့်သာ အလုပ်လုပ်ရမယ်လို့ ထင်ရပေမယ့် အင်္ဂလန်သားကို ခေါ်ယူဖို့အတွက် ဂန်းနားတွေအနေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ တိုနေးဟာ နည်းပြပိုချက်တီနိုအတွက် အဓိကပစ်မှတ်ဖြစ်လာတယ်လို့ The Independent ရဲ့ဖော်ပြချက်အရ ချဲလ်ဆီးအသင်းမှ အခွင့်ကောင်းယူရန် ကြိုးပမ်းလျက်ရှိပါတယ်။

အာဂျင်တီးနားသားဟာ အပြောင်းအရွှေ့ပေါ်တွင် သြဇာလွှမ်းမိုးမှု ရှိလာခဲ့ပြီး ယခုအခါ အလားအလာရှိတဲ့ ကစားသမားခေါ်ယူမှုနှင့် ပတ်သက်ပြီး ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ ပိုချက်တီနိုဟာ တွဲဖက်အားကစားဒါရိုက်တာများဖြစ်တဲ့ ဝင်စတန်လေ၊ စတီးဝပ်တို့နှင့်အတူ ကစားသမားခေါ်ယူရေး တွဲဖက်ဒါရိုက်တာအဖြစ် ဂျိုရှီးလ် ပါရှိနေတာကြောင့် မန်စီးတီးရဲ့ လုပ်ဆောင်ပုံကဲ့သို့ လုပ် ဆောင်သွားမှာဖြစ်ပါတယ်။

နီကိုလက်စ်ဂျက်ဆင်နှင့် ဘရိုဂျာတို့ကို ပိုချက်တီနိုက မယုံကြည်နိုင်သေးတာကြောင့် တိုနေးဟာ ပြီးပြည့်စုံတယ်လို့ ယူဆကာ နံပါတ် ၉ အသစ်ကို ခေါ်ယူမယ်လို့ ထင်ရပါတယ်။ အစောပိုင်းက အသက် ၂၇ နှစ်အရွယ် တိုနေးအတွက် ပေါင်သန်း ၈၀ ဖြင့် ရောင်းချရန် သတင်းများထွက်ပေါ်နေသော်လည်း ဘရန့်ဖို့ဒ်ဟာ ပေါင် ၆၅ သန်းလောက်ဖြင့် ရောင်းချရန် ဆန္ဒရှိနေပါတယ်။

တိုနေးဟာ လက်ရှိတွင် လောင်းကစားကြောင့် ပွဲကစားခွင့်ပိတ်ပင်မှုကို ခံနေရပြီး ရာသီအပြည့် မကစားရသေးဘဲ ဇန်နဝါရီ အလယ်လောက်အထိ ကစားနိုင်ဦးမှာမဟုတ်ပါဘူး။ သူဟာ သောမတ်ဖရန့်ရဲ့အသင်းအတွက် ယနေ့အထိ ပွဲပေါင်း ၁၂၄ ပွဲ ကစားထားကာ ၆၈ ဂိုးနှင့် ဂိုးဖန်တီးမှု ၂၁ ကြိမ် ပြုလုပ်ထားပါတယ်။
#ချဲလ်ဆီး #ဘရန့်ဖို့ဒ် #ပိုချက်တီနို #ပရီးမီးယားလိဂ် #တိုနေး