လူမှုကွန်ရက်ပေါ်က ပို့စ်တစ်ခုကြောင့် ပွဲပယ်ခံရဖို့ရှိနေတဲ့ ယူနိုက်တက်တောင်ပံကစားသမား ဂါနာချို
9:46 AM, 27 October
ကင်မရွန်းလက်ရွေးစင်ကစားသမားဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် ကိုပင်ဟေဂင်အား ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ နာကျင်အချိန်ပိုတွင် ပင်နယ်တီကို ကာကွယ်နိုင်ခဲ့ပြီး ယူနိုက်တက်ရဲ့ ကယ်တင်ရှင်ဖြစ်ခဲ့ပါတယ်။ဂါနာချိုဟာ ဆိုရှယ်မီဒီယာတွင် အိုနာနာကို ချီးကျူးဂုဏ်ပြုခဲ့တဲ့ ယူနိုက်တက်ကစားသမားတွေထဲမှ တစ်ဦးဖြစ်သော်လည်း ဂိုးသမားအား ဂုဏ်ပြုသည့်ပုံနှင့်အတူ ဂေါ်ဇီလာအီမိုဂျီနှစ်ခုကို ထည့်သွင်းခဲ့ပြီးနောက် အသက် ၁၉ နှစ်အရွယ်ကစားသမားက X ရှိ သူ့ရဲ့ပို့စ်ကို ဖျက်ခဲ့ပါတယ်။
အာဂျင်တီးနားလက်ရွေးစင်ဟာ ဂေါ်ဇီလာ အီမိုဂျီနှစ်ခုကို ဖယ်ရှားရန် မူလပို့စ်ကို ပြုပြင်ခဲ့ပြီး လုံးဝမဖျက်မီ သူ့ရဲ့ timeline တွင် ထားရှိခဲ့ပါတယ်။ ယူကေစံတော်အချိန် သန်းခေါင်ကျော်မှာတင်ထားတဲ့ ပို့စ်ကို မဖျက်ခင် ၁၅ မိနစ်လောက်အလိုမှာ X ရှိ အသုံးပြုသူတွေက အဆိုပါပို့စ်ကို မြင်တွေနိုင်ခဲ့ပါတယ်။
ဂါနာချိုဟာ ဆိုရှယ်မီဒီယာရှိ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်မှုတယ်လို့ မှတ်ယူဖွယ်ရှိသောကြောင့် ဘောလုံးအဖွဲ့ချုပ်ရဲ့ စွဲချက်တင်ခြင်ကို ခံရဖွယ်ရှိနေပါတယ်။ စပိန်ဘာသာစကားကနေ ဘာသာပြန်ဆိုလိုက်ပါက အမဲရောင်သု အဓိပ္ပါယ်ရတဲ့ စကားကို ၂၀၂၀ ခုနှစ်တုန်းက ကာဗာနီဟာ အင်စတာဂရမ်တွင် သူငယ်ချင်းတစ်ဦးထံသို့ မက်ဆေ့ချ်ကို လူသိရှင်ကြား ဖြေကြားပြီးနောက် အက်ဖ်အေရဲ့ ၃ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး ဒဏ်ငွေ ပေါင် ၁၀၀၀၀၀ ချမှတ်ခြင်းခံခဲ့ရပါတယ်။
အဲ့ဒီအချိန်က ယူနိုက်တက်အသင်းမှာ ကစားနေတဲ့ ဥရုဂွေးသားဟာ အဆိုပါပို့စ်ကို အမြန်ဖျက်လိုက်ပြီး အမှားအယွင်းတွေကို သတိပြုမိပြီးနောက် တောင်းပန်ချက်ထုတ်ပြန်ခဲ့ပြီး နောက်နေ့မှာတော့ တိုက်စစ်မှူးက သူ့အနေနဲ့ လူမျိုးရေးခွဲခြားမှုကို လုံးဝဆန့်ကျင်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ကာဗာနီကိုလည်း လေ့ကျင့်ရေးသင်တန်းတက်ဖို့ အက်ဖ်အေက စေခိုင်းခဲ့ပါတယ်။
၂၀၁၉ ခုနှစ်တွင် မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကလည်း အသင်းဖော် မန်ဒီ အကြောင်း တွစ်တာတွင် ပို့စ်တင်ခဲ့မှုအတွက် ဒဏ်ငွေ ပေါင် ၅၀၀၀၀ ချမှတ်ခံခဲ့ရပါတယ်။ ဆေးလ်ဗားဟာ စပိန်ချောကလက်အမှတ်တံဆိပ် Conguitos ရဲ့သင်္ကေတဖြစ်တဲ့ ကာတွန်းဇာတ်ကောင်နှင့်အတူ မန်ဒီရဲ့ ကလေးဘဝက ပုံတစ်ပုံကို တင်ခဲ့တာဖြစ်ပါတယ်။
ဆေးလ်ဗားဟာ တွစ်တာတွင် ဒီရက်ပိုင်း သူငယ်ချင်းတစ်ယောက်နဲ့တောင် ဟာသလုပ်လို့မရဘူးလို့ ရေးသားကာ ပို့စ်တင်ခဲ့ပြီးနောက် တစ်နာရီအကြာမှာ ပြန်လည်ဖျက်ခဲ့ပါတယ်။
#မန်ချက်စတာယူနိုက်တက် #ချန်ပီယံလိဂ် #ဂါနာချို #ကိုပင်ဟေဂင်