ရှေ့သို့
Image

နည်းပြကို လက်ဆွဲမနှုတ်ဆက်ခဲ့တာကြောင့် တစ်ပတ်ပွဲပယ်ခံခဲ့ရတဲ့ ချဲလ်ဆီးစတား ဖိုဖာနာ

8:41 AM, 27 October

ချဲလ်ဆီးစတား ဖိုဖာနာတစ်ယောက် အငှားကစားနေတဲ့ ကလပ်အသင်းနည်းပြကို လက်ဆွဲမနှုတ်ဆက်ခဲ့တာကြောင့် ၁ ပတ်ပွဲပယ်ခံခဲ့ရပါတယ်။

နာပိုလီအသင်းနဲ့ပွဲမှာ လူစားလဲခံခဲ့ရပြီးနောက် ဖိုဖာနာက နည်းပြ ဖစ်ရှာကို လက်ဆွဲမနှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဖိုဖာနာဟာ နာပိုလီအသင်းကို ၁-၀ နဲ့ အရေးနိမ့်နေချိန်မှာ လူစားလဲခံခဲ့ရတာကြောင့် ဒေါသထွက်နေခဲ့တာဖြစ်ပါတယ်။

ကွင်းထဲကနေ ထွက်ခွာခဲ့ပြီးနောက် အသက် ၂၀ အရွယ် ကစားသမားဟာ နည်းပြ ဖစ်ရှာကို လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ စကိုင်းဂျာမနီသတင်းထောက် ဒီရူတာကတော့ ဖိုဖာနာတစ်ယောက် အသင်းဘက်ကနေ တစ်ပတ်ပွဲပယ်ခံခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ချဲလ်ဆီးစတားဟာ အခုအပတ်မှာ ကစားမယ့် ဝါဒါဘရီမင်နဲ့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။ လူစားလဲခံခဲ့ရပြီးနောက် ဖိုဖာနာတစ်ယောက် အရန်ခုံမှာ သူ့အကျီထဲကို ခေါင်းထြည်ပီးနေနေခဲ့ပါတယ်။

ထွက်ပေါ်လာတဲ့ဗီဒီယိုထဲမှာ ဖိုဖာနာတစ်ယောက် မျက်ရည်တွေထွက်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ပွဲအပြီးမှာ သူ့လုပ်ရပ်အတွက် အင်စတာဂရမ်ကနေ တောင်းပန်ခဲ့ပါတယ်။

“ကျွန်တော်ကွင်းထဲကနေ ထွက်ခွာချိန်မှာလုပ်ခဲ့တဲ့အပြုအမူအတွက် တောင်းပန်ချင်ပါတယ်။ အားလုံးကိုတောင်းပန်ပါတယ်။ ဒီလိုအပြုအမူမျိုးလုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ရလဒ်ကြောင့် စိတ်ပျက်တာနဲ့ရောပြီး တိုက်ဆိုင်သွားတာပါ။ အသင်းကို အပေါင်းလက္ခဏာဆောင်အောင်ကူညီပေးချင်တာပါ။ မကြာခင်မှာ အသန်မာဆုံးပြန်လာပါ့မယ်”လို့ ရေးသားတင်ခဲ့ပါတယ်။

ဖိုဖာနာဟာ ဇန်နဝါရီတုန်းက မိုလ်ဒီအသင်းဆီကနေ ချဲလ်ဆီးထံ ပြောင်းလာခဲ့တာဖြစ်ပြီး ၄ ပွဲ ပါဝင်ကစားပေးခဲ့ပြီးနောက် အငှားထွက်ခဲ့ရတာဖြစ်ပါတယ်။ ယူနီယံဘာလင်အသင်းမှာ ၈ ပွဲပါဝင်ကစားထားပေမယ့် ဂိုးမသွင်းနိုင်သေးတာဖြစ်ပါတယ်။

#ချဲလ်ဆီး #ဖိုဖာနာ