ရှေ့သို့
Image

ရာယာပွဲထွက်လာတာနဲ့ ပတ်သက်ပြီး အနည်းငယ်ကြောက်ရွံ့မိခဲ့တယ်လို့ အွန်နရီ ဝန်ခံပြောကြား

8:49 AM, 26 October

အာဆင်နယ်ဂန္ထဝင်ဟောင်း အွန်နရီက ဆီဗီလာကို ၂-၁ နဲ့ကပ်အနိုင်ရရှိခဲ့ပြီးနောက် ဂိုးသမားနေရာမှာ ဒေးဗစ်ရာယာပွဲထွက်လာတာနဲ့ ပတ်သက်ပြီး အနည်းငယ်ထိတ်လန့်မိခဲ့တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ရမ်စ်ဒေးလ်ကိုကျော်ဖြတ်ပြီး ပထမဦးစားပေးဂိုးသမားဖြစ်လာခဲ့ပြီးနောက် ရာယာဟာ ဖိအားတွေအောက်မှာ စွမ်းဆောင်ရည်ကောင်းတွေ အနည်းငယ်ကျဆင်းလာခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးကို ၂-၂ သရေကျခဲ့တဲ့ပွဲအပြီးမှာ သူ့အမှားတွေကြောင့် ဝေဖန်ခံခဲ့ရပြီးနောက် ရယာဟာ ဆီဗီလာနဲ့ ပွဲမှာလည်း ဆက်လက်ပွဲထွက်ခွင့်ရရှိခဲ့ကာ ပွဲပြီးခါနီးမှာ Own goal ပေးရမယ့်အမှားမျိုးလုပ်ခဲ့သေးတာဖြစ်ပါတယ်။

ရာယာရဲ့စွမ်းဆောင်ရည်ကိုမေးခွန်းထုတ်ခဲ့ပြီးနောက် အွန်နရီက ဂိုးဧရိယာထဲကို ဖြတ်တင်ဘောတွေ အများကြီးပေးခွင့်ရတာနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့သလို အာဆင်နယ်က ကံကောင်းခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

ရာယာတစ်ယောက် လက်သီးနဲ့ထွက်ပုပ်တဲ့ ဗီဒီယိုမှာ အွန်နရီက “အဲ့တာက ကာကွယ်တာလား။ ကျွန်တော်ဆိုတာက အဲ့အချိန်မှာ ကျွန်တော်အသက်ရှုတာအနည်းငယ်ရပ်တန့်သွားပါတယ်။ အဲ့တာက နောက်ဆုံး ၅ မိနစ် နဲ့ ၆ မိနစ်ကြားမှာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်နားလည်တာက ဆီဗီလာလိုအသင်းမျိုးရဲ့အိမ်ကွင်းကို သွားကန်ရတာက အနိုင်ရဖို့ ခက်ခဲတဲ့နေရာပါ။ ဖြတ်တင်ဘောတွေအများကြီးပေးရတာကို ကျွန်တော်တွေးမိပါတယ်။ ရာယာက လာသမျှကိုကာကွယ်နေပေမယ့် ကျွန်တော်အနည်းငယ် ထိတ်လန့်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီတစ်ကြိမ်မှာ ကံကောင်းခဲ့ပါတယ်”လို့ အွန်နရီက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်နောက်ခံလူဟောင်း မာတင်ကီယွန်ကလည်း ရာယာ နဲ့ ရမ်စ်ဒေးလ်တို့ကြားအခြေအနေက ဟာသဖြစ်ရပ်လို့ ဆိုလိုက်သလို အိုဝင်ကတော့ စပိန်သားရဲ့စွမ်းဆောင်ရည်ကို ဝေဖန်ခဲ့ပါတယ်။ “နားထောင် အခုချိန်မှာမျက်လုံးတွေ အားလုံးက ရာယာဆီမှာပဲရှိနေကြပါတယ်။ မင်းအနေနဲ့ တစ်ချိန်လုံးပေးဂိုးမပေးရအောင် ဆက်ထိန်းထားနိုင်မယ်ဆိုရင် ဘယ်သူမှ ဘာမှပြောမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဘာလို့လဲဆိုတော့ အတိတ်မှာဘာတွေဖြစ်ခဲ့လဲ။ ရှုထောင့်တစ်ခုချင်းစီကို သေချာလေးကြည့်ပါတယ်။ ထွက်ပုပ်တဲ့အလုံးဆိုရင်လည်း သူသာ လွဲချော်ခဲ့ရင် Own Goal ဖြစ်သွားမှာပါ။ ပထမပိုင်းမှာတုန်းက သူအနည်းငယ်အမှားရှိခဲ့ပေမယ့် အဆုံးသတ်မှာ သူအကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်”လို့ အိုဝင်က ပြောကြားခဲ့ပါတယ်။

#ဆီဗီလာ #ချန်ပီယံလိဂ် #အွန်နရီ #ရာယာ