ရှေ့သို့
Image

ဂါနာချိုရဲ့အပြုအမူဟာ ကလေးဆန်တယ်လို့ ဝေဖန်လိုက်တဲ့ ကိုပင်ဟေဂင်နည်းပြ ဂျာကော့ဘ်

8:34 AM, 26 October

ကိုပင်ဟေဂင်အသင်းနည်းပြ ဂျာကော့ဘ်နီစထရက်ပ်က ယူနိုက်တက်စတား ဂါနာချိုရဲ့လုပ်ရပ်ကို အနီကတ်ပြသင့်တယ်လို့ တောင်းဆိုလိုက်ပါတယ်။ ယူနိုက်တက်ကို ၁-၀ နဲ့အရေးနိမ့်နေချိန်မှာ ပွဲကစားချိန် ၉၅ မိနစ်မှာ ကိုပင်ဟေဂင်ဘက်က ပင်နယ်တီရရှိခဲ့ပေမယ့် ဂါနာချိုက အဆိုပါပင်နယ်တီနေရာမှာ ချော်လဲအောင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အဲ့နောက် ကိုပင်ဟေဂင်တိုက်စစ်မှူး လာဆင်ကန်ချိန်မှာတော့ ယူနိုက်တက်ဂိုးသမား အိုနာနာက ကာကွယ်နိုင်ခဲ့ပြီး တန်ဟက်ရဲ့အသင်းကို ၃ မှတ်ပြည့်ယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂါနာချိုရဲ့လုပ်ရပ်ကို အာဆင်နယ်ကွင်းလယ်လူဟောင်း ကာလက်စ်စထရုန်းက “ကလေးဆန်တဲ့အပြုအမူ”လို့ ဝေဖန်ခဲ့ပါတယ်။

ကိုပင်ဟေဂင်အသင်းခေါင်းဆောင် ကာလက်စ်ဆန်ကလည်း အသက် ၁၉ နှစ်သားရဲ့လုပ်ရပ်ဟာ အားကစားသမားမဆန်တဲ့ လုပ်ရပ်လို့ ကင်ပွန်းတပ်ခဲ့ပါတယ်။ ကိုပင်ဟေဂင်နည်းပြ ဂျာကော့ဘ်ကတော့ “အဲ့တာက ကွင်းလယ်ဒိုင်နဲ့ပဲ သက်ဆိုင်ပါတယ်။ ဒီလိုလုပ်ရပ်အတွက် အနီကတ်ဖြစ်သင့်ပါတယ်။ အဲ့နောက် လူတွေဒီလိုလုပ်တာကို ရပ်သင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အတွေ့အကြုံရှိတိုက်စစ်မှူး ကလာဆန်ကတော့ အင်တာဗျူးတစ်ခုမှာ “အခုလိုမျိုးလုပ်ရပ်က အားကစားသမားမဆန်တဲ့လုပ်ရပ်ပါ။ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦး အနေနဲ့ အဲ့လိုမလုပ်သင့်ပါဘူး။
ဒါပေမယ့် သူလုပ်ခဲ့ပါတယ်။ သူဘယ်လိုဆုံးဖြတ်ချက်ချပြီးလုပ်လဲဆိုတာ ကျွန်တော်မသိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
 
ယူနိုက်တက်နည်းပြ တန်ဟက်က သူ့အနေနဲ့ အဆိုပါဖြစ်ရပ်ကိုမမြင်မိလိုက်ကြောင်း ပြောကြားခဲ့ပါတယ်။ အာဆင်နယ်စတားဟောင်း ကာလက်စထရုန်းကလည်း “ဘယ်လိုတောင် ရုပ်ဆိုးအကျည်းတန်တဲ့လုပ်ရပ်လဲ။ အဲ့တာက ကလေးဆန်လွန်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အာဂျင်တိုင်းသားရဲ့လုပ်ရပ်ကို ယူနိုက်တက်ပရိသတ်အချို့က ချီးကျူးနေကြပြီး ပွဲကစားချိန် ၆၃ မိနစ်မှာ အန်တိုနီအစား လူစားဝင်လာခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ယူနိုက်တက်ဟာ ကိုပင်ဟေဂင်ကို မက်ဂွါရီရဲ့တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
#မန်ချက်စတာယူနိုက်တက် #ချန်ပီယံလိဂ် #ဂါနာချို #ကိုပင်ဟေဂင် #ဂျာကော့ဘ်