ယူနိုက်တက်ရဲ့ အောင်ပွဲအတွင်း ဂျော်ဒန်လာဆန် ပင်နယ်တီလွဲစေရန် အနှောက်အယှက်ပြုလုပ်ခဲ့တဲ့ ဂါနာချို
3:08 PM, 25 October
ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ၂ပွဲဆက် နိုင်ပွဲရလာတဲ့ နည်းပြ တန်ဟတ်ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ချန်ပီယံလိဂ်အုပ်စု တတိမြောက်ပွဲစဉ်တွင် ဘယ်လ်ဂျီယံကလပ် ကိုပင်ဟေဂင်အသင်းကို လက်ခံကစားခဲ့ရာမှာ ၁ဂိုး - ၀ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပြီး ကိုပင်ဟိုဂင်အသင်း အတွက် သရေ ၁ မှတ်ရစေနိုင်တဲ့ ပင်နယ်တီမကန်သွင်းမီ ဂါနာချိုက အနှောက်အယှက်ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
အို့ထရက်ဖို့ဒ်ကွင်းကြီးအတွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အဆိုပါ ပွဲစဉ်၌ အုပ်စုအဖွင့်ပွဲစဉ် ၂ ပွဲဆက်တိုက် အရေးနိမ့်ထားခဲ့တာကြောင့် နည်းပြ တန်ဟတ်အနေဖြင့် အုပ်စုတွင်းမှာ ပထမဦးဆုံး နိုင်ပွဲရှာဖွေနိုင်ရန် အဓိက ကစားသမားအများစုကို အသုံးပြုပွဲထွက်လာခဲ့ပေမဲ့ တစ်ဦးချင်းကစားပုံအားနည်းချက်တွေကြောင့် ဦးဆောင်ဂိုးရရန် အတော်လေး ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။
ကိုပင်ဟေဂင်အသင်းရဲ့ တူနီးရှားတိုက်စစ်ကစားသမား အက်ဂွာရီရဲ့ ခြေစွမ်းပြမှုက ယူနိုက်တက်အသင်းရဲ့ နောက်တန်းရဲ့ ကစားသမားတွေကို အဓိက အခက်တွေ့နေစေခဲ့တာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်အသင်း အတွက် တစ်လုံးတည်းသော အဖိုးတန်အနိုင်ဂိုးအား ခြေစွမ်းပိုင်းတည်ငြိမ်စပြုလာတဲ့ မက်ဂွာရီက သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး တိုမီနေးရဲ့ အမှားကနေ ကိုပင်ဟေဂင် တိုက်စစ်ကစားသမား လာဆင်က ပင်နယ်တီ ကန်သွင်းခွင့်ရခဲ့ပေမဲ့ ဂိုးသမား အိုနာနာ ပုတ်ထုတ်ကာကွယ်သွားနိုင်ခဲ့တာကြောင့် အိမ်ကွင်းမှာ အနိုင် ၃ မှတ်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂန္ဓဝင်ကစားသမားကြီး ဆာဘော်ဘီချာတန်ကို အမှတ်တရဂုဏ်ပြုတဲ့အနေဖြင့် ယူနိုက်တက်ကစားသမားတွေက အို့ထရက်ဖို့ဒ်ကွင်းကြီးအတွင်းမှာ နိုင်ပွဲဖော်ဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
အုပ်စုတွင်းမှာ ဗွေဆော်ဦးနိုင်ပွဲရယူနိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ နိုင်ပွဲကို သရေဖြစ်သွားစေနိုင်တဲ့ ပင်နယ်တီမကန်မီ ဂါနာချိုက ပင်နယ်တီကန်မယ့် အမှတ်အသားနေရာအား ခြေထောက်နဲ့ နင်းခြေက ဖျက်နေခဲ့တာကြောင့် ပင်နယ်တီလွဲချော်မှုအတွက် ပရောဂတစ်ခုကဲ့သလို ဖြစ်နေသလို ယူနိုက်တက်အသင်းရဲ့ နိုင်ပွဲမှာ အကျိုးသက်ရောက်မှုရှိခဲ့တာကြောင့် သရဲနီအသိုင်းအဝိုင်းအကြားတွင် မှတ်ချက်ပြုပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။