ရှေ့သို့
Image

ဒေါ့မွန်နဲ့ ပွဲစဉ်မှာ တိုနာလီ ပါဝင်ကစားဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောလာတဲ့ နယူးကာဆယ် နည်းပြဟိုဝီ

2:58 PM, 25 October

နယူးကာဆယ်နည်းပြ ဟိုဝီက ဒေါ့မွန်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်မှာ ကွင်းလယ်ကစားသမား တိုနာလီ ပါဝင်ကစားခွင့်ရရှိဖို့ မျှော်လင့်ထားတယ်လို့ ပြောဆိုလိုက်ပါတယ်။

ကွင်းလယ်ကစားသမားက ကာလရှည်ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရနိုင်တဲ့ တရားမဝင်လောင်းကစားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုရလဒ်တွေကို စောင့်စားနေရတာပါ။ တိုနာလီက ပြီးခဲ့တဲ့စနေနေ့၊ ခရစ္စတယ်ပဲလေ့စ်ကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။

“ကျွန်တော် သိထားသလောက်တော့ ဒေါ့မွန်နဲ့ ပွဲစဉ်မှာ သူပါဝင်ကစားနိုင်ဖို့ ကျွန်တော် မျှော်လင့်နေဆဲဖြစ်ပါတယ်။ နောက်ထပ်ထူးခြားအခြေအနေတစ်ခု ရှိမလာမချင်း ကျွန်တော်ကတော့ အဲ့ဒီအတိုင်းပဲ စီစဉ်ထားပါတယ်”လို့ ဟိုဝီကပြောပါတယ်။

ဆက်လက်ပြီး ချန်ပီယံလိဂ်နိုင်ပွဲတစ်ပွဲ ထမ်မံရယူနိုင်ရေးအတွက် တိုနာလီကို အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ရေးဆင်းရန် ညွှန်ကြားခဲ့တယ်လို့ ဟိုဝီက ဆိုပါတယ်။ အီတလီလက်ရွေးစင်အသင်း အတွက် ၁၅ ပွဲ ပါဝင်ကစားပေးထားတဲ့ တိုနာလီက ပြီးခဲ့တဲ့ဇူလိုင်လမှာ အေစီမီလန်မှ နယူးကာဆယ်ဆီ ပေါင် ၅၅ သန်းဖြင့် ရောက်ရှိလာခဲ့ပါတယ်။ သူက ပရီးမီးယားလိဂ်မှာ ရှစ်ပွဲကစား၊ တစ်ဂိုးသွင်းယူထားပါတယ်။

လက်ရှိမှာ တိုနာလီက ဘောလုံးပွဲစဉ်တွေကို တရားမဝင်လောင်းကစားမှု ပြုလုပ်ခဲ့တယ်လို့ ဖြောင့်ချက်ပေးခဲ့ပြီး အေစီမီလန်ကစားသမားဘဝမှာလည်း ကိုယ့်ကလပ်အသင်းရဲ့ပွဲစဉ်တွေကိုပါ အလောင်းအစားပြုလုပ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါကြောင့် အီတာလျံကွင်းလယ်လူဟာ ၁၀ လကြာ ပွဲပယ်ပြစ်ဒဏ်ကို ကျခံရဖွယ်ရှိပြီး လောင်းကစားစွဲလမ်းနေမှုစိတ်ရောဂါကိုလည်း ကုသသွားရဖို့ ရှိနေပါတယ်။

#တိုနာလီ #နယူးကာဆယ် #ဒေါ့မွန် #ချန်ပီယံလိဂ် #ဟိုဝီ