ရှေ့သို့
Image

ချန်ပီယံလိဂ်ပွဲဦးထွက်က ပြီးပြည့်စုံခဲ့တယ်လို့ မာတီနယ်လီ ဝန်ခံပြောကြား

2:03 PM, 25 October

အာဆင်နယ်တောင်ပံကစားသမား မာတီနယ်လီက ချန်ပီယံလိဂ်ပွဲဦးထွက်က ပြီးပြည့်စုံခဲ့တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ဘရာဇီးသားဟာ ချန်ပီယံလိဂ်အဖွင့်ပွဲ ၂ ပွဲကို တံကောက်ကြောဒဏ်ရာကြောင့် လွဲချော်ခဲ့ပေမယ့် ဆီဗီလာကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာတော့ ပါဝင်လာနိုင်ခဲ့ပြီး ခြေစွမ်းကောင်းပြသနိုင်ခဲ့ကာ အသင်းအတွက် ၁ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ပွဲအပြီး အင်တာဗျူးမှာ မာတီနယ်လီက “ပြီးခဲ့တဲ့ညတုန်းက ကျွန်တော်အိပ်ယာထဲမှာ အဲ့အကြောင်းကို စဉ်းစားဖြစ်ပါတယ်။ ဘယ်လိုဖြစ်နိုင်မလဲဆိုတာကော ကျွန်တော်ဘယ်လောက်ပါဝင်ချင်လဲဆိုတာကောပါ။ အဲ့တာလောက်ကောင်းတာ မရှိနိုင်ပါဘူး။ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပြီး ကျွန်တော်လည်း ဂိုးသွင်းနိုင်ခဲ့သလို အသင်းလည်းအနိုင်ရခဲ့ပါတယ်။ အဲ့လောက်ကောင်းတာမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ အသင်းရဲ့စွမ်းဆောင်ရည်ကို ကျွန်တော် ကျေနပ်ပါတယ်”လို့ မာတီနယ်လီက ပြောကြားခဲ့ပါတယ်။

ပထမပိုင်း ပြီးခါနီးစက္ကန့်ပိုင်းအလိုမှာ ဂျီးဆပ်စ်ရဲ့ပေးပို့မှုကနေ မာတီနယ်လီက ဂိုးသမားကိုပါကျော်ဖြတ်ပြီး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ဒုတိယပိုင်းမှာ ဂျီးဆပ်စ်က အဝေးကန်ချက်နဲ့ ဥရောပပြိုင်ပွဲ ၃ ပွဲဆက် သွင်းယူပေးနိုင်ခဲ့ပါတယ်။

“ဂါဘီကနေ နောက်ထပ်ဂါဘီတစ်ယောက်ကိုပေးခဲ့ပါတယ်။ အဲ့နောက် ကျွန်တော်က ကောင်းမွန်တဲ့စကေးလ်နဲ့ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဂိုးသမားကို စောင့်ဆိုင်းနေခဲ့ပြီး သူ့ကိုကျွန်တော်ကြည့်နေတာပါ။ ကျွန်တော် နောက်တစ်ကြိမ် မလွဲနိုင်တော့ဘူးလို့ တွေးမိပါတယ်။ အဲ့တာက ကောင်းပါတယ်။ ကျွန်တော်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဂါဘီက မယုံကြည်နိုင်စရာကောင်းတဲ့သူပါ။ ကျွန်တော်သူနဲ့အကြိမ်ပေါင်းများစွာပြောပြီးပါပြီ။ သူက တကယ်ကောင်းသလို သူနဲ့တွဲကစားရတာကိုလည်း နှစ်သက်ပါတယ်။ သူက ကစားသမားကောင်းဖြစ်သလို ကမ္ဘာ့ဖလား ၊ ချန်ပီယံလိဂ် ၊ ပွဲကြီးတွေလည်း ကစားဖူးပါတယ်။ သူက ကျွန်တော်တို့ကိုအများကြီးအကူအညီပေးပါတယ်။ ကျွန်တော့်ကိုလည်းအများကြီး အကူအညီပေးသလို ဒီနေ့မှာ သူကအသင်းရဲ့ အရေးပါတဲ့သူဖြစ်ခဲ့ပါတယ်။ ကျွန်တော့်အတွက်လည်း ကောင်းမွန်တဲ့ ဂိုးဖန်တီးမှုလုပ်ပေးနိုင်ခဲ့ပါတယ်”လို့ မာတီနယ်လီက ပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #မာတီနယ်လီ #ချန်ပီယံလိဂ်