ရှေ့သို့
Image

ဆီဗီလာနဲ့ ပွဲက ဂျီးဆပ်စ်ရဲ့ခြေကျင်းဝတ်ဒဏ်ရာ အခြေအနေကို လာမယ့်ရက်ပိုင်းအတွင်း စစ်ဆေးသွားမယ့် အာဆင်နယ်

9:25 AM, 25 October

အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်စ်ရဲ့ ခြေကျင်းဝတ်ဒဏ်ရာကို လာမယ့်ရက်ပိုင်းအတွင်း စစ်ဆေးသွားမှာဖြစ်ပေမယ့် ဘရာဇီးသားကတော့ ဒဏ်ရာဟာ ပြင်းထန်ခြင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။

ဂျီးဆပ်စ်ဟာ ဆီဗီလာကို ၂-၁ဂိုးဖြင့် အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ခြေစွမ်းပြကစားနိုင်ခဲ့ပြီး တစ်ဂိုး သွင်းကာ တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘရာဇီးသားဟာ ၈၁မိနစ်မှာ ဆူမာရေးနဲ့ ထိခိုက်မိခဲ့ပြီး ပွဲချိန် ၈၁မိနစ်မှာ လူစားလဲခဲ့ရကာ ကွင်းထဲကနေ ထော့နင်းထော့နင်းဖြင့် ထွက်ခွာခဲ့ရပါတယ်။ ဒါပေမယ့် ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ဂျီးဆပ်စ်က သူ့ရဲ့ ခြေကျင်းဝတ်ဒဏ်ရာဟာ ပြင်းထန်ခြင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။

ဂျီးဆပ်စ်က "ကျွန်တော် တစ်ခုခုခံစားခဲ့ရပါတယ်။ စောင့်ကြည့်ရမှာပေါ့။ ကျွန်တော် ကြံ့ခိုင်ရေးမှူးနဲ့ စစ်ဆေးမှုအချို့လုပ်ခဲ့ပြီး ဒါက ကြီးမားတဲ့ ဒဏ်ရာ မဟုတ်ဘူးလို့ မြင်ရပေမယ့် စောင့်ကြည့်ရပါဦးမယ်။ မနက်ဖြန်လောက်ဆိုရင် ကျွန်တော် စစ်ဆေးမှုထပ်လုပ်ရပါမယ်။ အဲ့ဒါက ဘာမှမဟုတ်ဘူးဆိုတာ ကျွန်တော် သေချာပါတယ်"လို့ ပြောခဲ့ပါတယ်။

ဂျီးဆပ်စ်ရဲ့ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး အာတီတာက "သူ့ ခြေကျင်းဝတ်မှာ တစ်ခုခုခံစားခဲ့ရပါတယ်။ သူ ချက်ချင်းဆိုသလို လူစားလဲဖို့ တောင်းဆိုတာကတော့ သတင်းကောင်းမဟုတ်ပါဘူး။ သူက အဲ့ဒီလုပ်တတ်တဲ့ ကစားသမားမျိုးမဟုတ်လို့ ပိုဆိုးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လာမယ့်ရက်ပိုင်းအတွင်း သူ့ဒဏ်ရာကို စစ်ဆေးသွားရပါမယ်"လို့ ဆိုခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #ဂျီးဆပ် #ပရီးမီးယားလိဂ်