ရှေ့သို့
Image

ရာယာတစ်ယောက် ဖိအားတွေနဲ့ရင်ဆိုင်နေရတယ်ဆိုတဲ့ နဗီးလ်ရဲ့ပြောကြားချက်ကို အာတီတာ ပယ်ချ

10:56 AM, 24 October

အာဆင်နယ်နည်းပြ အာတီတာက ဒေးဗစ်ရာယာတစ်ယောက် အာဆင်နယ်အသင်းရဲ့နံပတ် ၁ ဂိုးသမားနေရာအတွက် ဖိအားတွေများနေပြီဆိုတဲ့ နဗီးလ်ရဲ့ပြောကြားချက်ကို ငြင်းဆန်လိုက်ပါတယ်။

အသက် ၂၈ နှစ်သားဟာ ဘရန့်ဖို့ဒ်ကနေ အငှားနဲ့ပြောင်းလာပြီးနောက် ရမ်စ်ဒေးလ်ကိုကျော်ဖြတ်ကာ အာတီတာရဲ့ဦးစားပေးဂိုးသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။ ချဲလ်ဆီးကို ၂-၂ သရေကျခဲ့တဲ့ပွဲအတွင်းမှာ ရမ်စ်ဒေးလ်က အဖေတစ်ဦးဖြစ်လာမှာဖြစ်တာကြောင့် လွဲချော်ခဲ့ပြီး ရာယာကတော့ အမှားတွေကြောင့် ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်။

စနေနေ့တုန်းက အင်တာဗျူးတစ်ခုမှာ နဗီးလ်က ရာယာနဲ့ပတ်သက်ပြီး မှတ်ချက်စကားဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အာတီတာက ဆီဗီလာနဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် အခုလိုမျိုးပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

“ကျွန်တော် ရာယာကို အဲ့လိုမမြင်ပါဘူး။ အသင်းကြီးတိုင်းမှာ ဒီလိုမျိုးဖိအားကရှိစမြဲပါ။ မင်းအနေနဲ့ မင်းရဲ့အကောင်းဆုံးပုံစံကိုပြသမှ နေရာတစ်နေရာကိုရမှာပါ။ ပြီးတော့ မင်းနောက်မှာလည်း နေ့တိုင်းကို တွန်းအားပေးနေတဲ့သူကရှိပါတယ်။ ဒါပေမယ့် နေရာတစ်နေရာအတွက် မေးခွန်းထုတ်မယ်ဆိုရင် ဘယ်နောက်ခံလူူ ၊ ကွင်းလယ်ခံစစ်စတဲ့နေရာမှာ ဘာဖြစ်နိုင်မလဲ။ ဂျော်ဂျင်ဟိုကိုမေးဖူးလား ၊ ဒါမှမဟုတ် ဂျီးဆပ်စ်ကိုမေးဖူးလား။ အဲ့တာက လှပတဲ့ပွဲစဉ်တစ်ပွဲပါ။ မင်းအနေနဲ့ အခြားရွေးချယ်စရာတွေကို ရှာဖွေဖို့ လိုအပ်ပါတယ်။ အကြိမ်ပေါင်းများစွာပြောဆိုဖို့ လိုအပ်ပါတယ်။ အမှားတွေဆိုတာက ဘောလုံးရဲ့အစိတ်အပိုင်းပါ။ တစ်ခါတလေ အမှားတွေလုပ်နိုင်ပါတယ်။ နောက်ခံလူကအစ ဂိုးသမားနဲ့ တိုက်စစ်မှူးအဆုံးပေါ့”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

ရမ်စ်ဒေးလ်နေရာကို အစားဝင်ပြီးကတည်းက ရာယဟာ ၇ ပွဲမှာ ၆ ဂိုးပေးထားရပြီး ချန်ပီယံလိဂ်ပွဲမှာလည်း ရာယာပဲ ဆက်လက်ပါဝင်လာဖွယ်ရှိနေပါတယ်။ ရမ်စ်ဒေးလ်ကတော့ အာဆင်နယ်မှာ ပွဲထွက်ခွင့်ဆုံးရှုံးခဲ့တာနဲ့ ပတ်သက်ပြီး သူ့ရဲ့စိတ်ပျက်မှုကို မကွယ်မဝှက်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ရမ်စ်ဒေးလ်ကတော့ အာဆင်နယ်မှာ ပါဝင်ခွင့်မရတာကြောင့် လာမယ့်အင်္ဂလန်အသင်းရဲ့ယူရိုလူစာရင်းမှာ ပါဝင်ခွင့်မရမှာကို စိုးရိမ်နေပါတယ်။ အာဆင်နယ်ဟာ ဆီဗီလာနဲ့ပွဲအပြီး စနေနေ့မှာ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #ဂယ်ရီနဗီးလ် #ပရီးမီးယားလိဂ် #ရာယာ