ရှေ့သို့
Image

ဇန်နဝါရီမှာ လူကာမိုဒရစ် ထွက်ခွာနိုင်ခြေရှိတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုလိုက်တဲ့ ရီးရဲလ်မက်ဒရစ်

10:32 AM, 24 October

ရီးရဲလ်မက်ဒရစ်အသင်း အမှုဆောင်အရာရှိချုပ် ဂျို့စ်အိန်ဂျယ်ဆန်းချက်ဇ်က အသင်းရဲ့ကြယ်ပွင့်ကစားသမား လူကာမိုဒရစ်ကို ဆော်ဒီဘက်က စိတ်ဝင်စားနေတဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။

ခရိုအေးရှားစူပါစတားဟာ စပိန်မြို့တော်ကနေ ထွက်ခွာဖို့ ဆော်ဒီပရိုလိဂ်ကလပ်များစွာနဲ့ ချိတ်ဆက်မှုတွေ ရှိသလို MLS ကလပ် အင်တာမိုင်ယာမီရဲ့ စိတ်ဝင်စားခြင်းကိုပါ ခံနေရပါတယ်။ သို့သော်လည်း ဆန်းချက်ဇ်က ချန်ပီယံလိဂ် ၅ ကြိမ် ရရှိထားတဲ့ ကစားသမားဟာ ဇန်နဝါရီတွင် အသင်းမှ ထွက်ခွာမည်မဟုတ်ကြောင်း အတည်ပြုခဲ့ပါတယ်။

"လာမယ့် ဇန်နဝါရီမှာ လူကာကို ခေါ်ယူဖို့ ဆော်ဒီလိဂ် တာဝန်ရှိသူတွေနဲ့ တရားဝင် ညှိနှိုင်းမှု မရှိသေးသလို လက်ရှိအချိန်မှာတော့ အသင်းကနေ ထွက်ခွာဖို့အတွက် ကျွန်တော်တို့ မသိရသေးပါဘူး" လို့ ဆန်းချက်က Arriyadiyah [Goal Arabic] ကိုပြောခဲ့ပါတယ်။

အသင်းရဲ့ ကြယ်ပွင့်ကွင်းလယ်ကစားသမားဟာ ဒီဆောင်းရာသီမှာ ထွက်ခွာမှာမဟုတ်ဘူးဆိုတာ သေချာပေမယ့် မိုဒရစ်ဟာ အန်ဆယ်လော့တီလက်ထက် လက်ရှိရာသီမှာ ရရှိနေတဲ့ ပွဲကစားချိန်နဲ့ ပတ်သက်ပြီး ပျော်ရွှင်မှုမရှိကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားခဲ့ပါတယ်။ ကစားသမားဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။

မိုဒရစ်နှင့် ရီးရဲလ်မက်ဒရစ်တို့ဟာ လာမယ့် အင်္ဂါနေ့၊ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် အက်စ်စီဘရာဂါ နှင့် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #မိုဒရစ်