ရှေ့သို့
Image

ကလေးမွေးဖွားမှုကြောင့် ချဲလ်ဆီးနဲ့ ပွဲကို လွဲချော်ခဲ့ပြီးနောက် အာဆင်နယ်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်လာတဲ့ ရမ်စ်ဒေးလ်

8:53 AM, 24 October

အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးလ် တစ်ယောက် အင်္ဂါနေ့မှာ ကစားမယ့် ဆီဗီလာနဲ့ ချန်ပီယံလိဂ်ပွဲအတွက် အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်လာပါတယ်။

အင်္ဂလန်သားဟာ ပြီးခဲ့တဲ့စနေနေ့က ချဲလ်ဆီးအသင်းနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲကို ကလေးမီးဖွားမှုကြောင့် လွဲချော်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တနလာၤနေ့လေ့ကျင့်ခန်း အစီအစဉ်မှာတော့ ရမ်စ်ဒေးလ် ပါဝင်လာခဲ့ပြီး ဆီဗီလာနဲ့ပွဲကိုသွားမယ့် လူစာရင်းမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။

ပြီးခဲ့တဲ့လတုန်းက အာဆင်နယ်အသင်းရဲ့ပွဲထွက်ဂိုးသမားနေရာကို လက်လွှတ်ခဲ့ရပြီးနောက် အသက် ၂၅ နှစ်သားဟာ ပွဲထွက်ခွင့်နေရာအတွက် ရာယာနဲ့ အားပြိုင်နေရတာဖြစ်ပါတယ်။ ရာယာဟာ စက်တင်ဘာ ၁၇ ရက်နေ့တုန်းက အဲဗာတန်နဲ့ပွဲမှာ ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ကာ ရမ်စ်ဒေးလ်က ဘရန့်ဖို့ဒ်နဲ့ ကာရာဘောင်ဖလားပွဲတစ်ပွဲတည်း ပါဝင်ခွင့်ရရှိထားပါတယ်။

ရမ်စ်ဒေးလ်ဟာ အဆိုပါပွဲမှာ ပေးဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ရာယာကတော့ ရမ်စ်ဒေးလ် နည်းတူ အခုနောက်ပိုင်းမှာ အမှားတွေများလာခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ အင်္ဂါနေ့မှာ ဆီဗီလာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲကန်ရမှာဖြစ်ပြီး အဲ့နောက် စနေနေ့မှာ ရှက်ဖီးလ်ယူနိုက်တက်အသင်းနဲ့ အိမ်ကွင်းပွဲကန်ရမှာဖြစ်ပါတယ်။

#ဆီဗီလာ #အာဆင်နယ် #ချန်ပီယံလိဂ် #ရမ်စ်ဒေးလ်