ရှေ့သို့
Image

ကိုပင်ဟေဂင်နဲ့ ပွဲမှာ ပြန်လာနိုင်ဖို့ ရီဂူလွန် တွန်းအားပေးလုပ်ဆောင်နေတယ်လို့ တန်ဟက် အတည်ပြု

8:23 AM, 24 October

အဖျားဝေဒနာကနေ ပြန်လာနိုင်ခဲ့ပြီးနောက် နောက်ခံလူ ရီဂူလွန်တစ်ယောက် ကိုပင်ဟေဂင်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ပါဝင်နိုင်ဖို့ တွန်းအားပေးလုပ်ဆောင်နေကြောင်း တန်ဟက်က အတည်ပြုလိုက်ပါတယ်။ ရီဂူလွန်ဟာ စက်တင်ဘာလတုန်းက ဘန်လေကို အနိုင်ရခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီး ၁ လလောက်နားခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက ကြံ့ခိုင်မှုပြန်လည်ပြည့်ဝခဲ့ပေမယ့် အဖျားဝေဒနာကြောင့် ရုန်းကန်ခဲ့ရပြီး စနေနေ့က ရှက်ဖီးလ်နဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တန်ဟက်က တနလာၤနေ့တုန်းက သတင်းစာရှင်းပွဲမှာ စပိန်သားဟာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီး ကိုပင်ဟေဂင်နဲ့ပွဲမှာ ပါဝင်နိုင်ဖို့ တွန်းအားပေးလုပ်ဆောင်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။

“မှန်ပါတယ်။ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က ကျွန်တော်ပြောသလိုပါပဲ။ ဆာဂျီယုံက အဖျားဝေဒနာကြောင့် စနေနေ့ပွဲကို လွဲချော်ခဲ့တာပါ။ ပြီးခဲ့တဲ့တစ်ပတ်လုံးကို သူလေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။ မနေ့ကတုန်းက သူအစိတ်အပိုင်းအနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဒီနေ့မှာလည်း သူလေ့ကျင့်ခန်းဆင်းပါလိမ့်မယ်။ ကိုပင်နဲ့ပွဲမှာ သူအဆင်သင့်ဖြစ်မလားဆိုတာ ကျွန်တော်တို့ စစ်ဆေးသွားမှာပါ။ အဲ့အတွက် စောင့်ဆိုင်းရပါမယ်။ မနက်ဖြန်မှာ ပါဝင်နိုင်ဖို့ လုံလောက်လားဆိုတာ စောင့်ကြည့်ရပါမယ်”လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။

ရီဂူလွန်အပြင် ဒါလော့စ်၊ အီဗန်၊ မက်ဂွါရီ၊ လင်ဒီလော့ဖ်တို့လည်း ဆက်လက်ပါဝင်နိုင်ဖွယ်ရှိနေပြီး ဗာရာနီ၊ မာတီနက်ဇ်၊ ဝမ်ဘစ်ဆာကာ၊ ရှောနဲ့ မာလာစီယာတို့ကတော့ ဆက်လက်လွဲချော်ဖွယ်ရှိနေပါတယ်။ ကတ်စ်မဲရိုးကလည်း မသေချာသေးသလို ဆန်ချိုကတော့ ပါဝင်နိုင်ဖွယ်မရှိတာဖြစ်ပါတယ်။

ဘိုင်ယန် ၊ ဂါလာတာစာရေးတို့ကို အရေးနိမ့်ထားခဲ့တာကြောင့် တန်ဟက်ရဲ့ယူနိုက်တက်ဟာ ကိုပင်ဟေဂင်နဲ့ပွဲမှာ မဖြစ်မနေအနိုင်ကန်ဖို့ လိုအပ်နေပါတယ်။ “ကျွန်တော်တို့ပွဲမတိုင်းနိုင်ချင်ပါတယ်။ ပထမဆုံး ၂ ပွဲမှာ အရေးနိမ့်ခဲ့ရင် မင်းအနေနဲ့ အနိုင်ကန်ဖို့ လိုအပ်နေပါပြီ”လို့ တန်ဟက်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရီဂူလွန် #ချန်ပီယံလိဂ် #အဲရစ်တန်ဟက် #ကိုပင်ဟေဂင်