ရှေ့သို့
Image

ဆာဂျီယိုရာမို့စ်နဲ့ အချင်းများမှုဖြစ်ခဲ့တဲ့ ရီးရဲလ်နောက်ခံလူ ရူဒီဂါ

1:16 PM, 22 October

ဆီဗီလာအသင်းနဲ့ ရီးရဲလ်အသင်းပွဲမှာ ရီးရဲလ်နောက်ခံလူ ရူဒီဂါ နဲ့ ဆီဗီလာနောက်ခံလူ ရာမို့စ်တို့ အချင်းများခဲ့ကြတာဖြစ်ပါတယ်။ ရာမို့စ်ကတော့ ၂၀၂၁ နောက်ပိုင်း ဘာနေဗျူးကနေ ထွက်ခွာခဲ့ပြီးနောက် ပထမဆုံးအကြိမ်အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရတာဖြစ်ပါတယ်။ အသက် ၃၇ နှစ်သားရဲ့ရီးရဲလ်ကစားသမားဘဝဟာ ချီးကျူးမှုတွေနဲ့ပြည့်နှက်နေခဲ့ပြီး အသင်းကို ချန်ပီယံလိဂ်ဆုဖလား ၄ လုံးအထိ ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။


ဒါပေမယ့် စနေနေ့ညက အသင်းဟောင်းနဲ့ပြန်လည်တွေ့ဆုံမှုမှာ အချင်းများမှုရှိခဲ့ပြီး စပိန်သားနောက်ခံလူက သူ့အသင်းကိုတန်းဆင်းဇုန်ရဲ့အဝေးကိုပို့ဆောင်ပေးဖို့ အာရုံစိုက်နေတာဖြစ်ပါတယ်။ ရာမို့စ်ဟာ အသင်းရဲ့ဗဟိုခံစစ်မှာ ဂူဒီဂျေနဲ့အတူ တွဲဖက်ပြီး ပွဲထွက်လာခဲ့သလို အဝါကတ်ကိုလည်း ရှောင်ရှားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲကစားချိန် ၄၂ မိနစ်မှာတော့ ရီးရဲလ်နောက်ခံလူ ရူဒီဂါ နဲ့ အချင်းများခဲ့ပြီး စပိန်သားက စကားနဲ့ကော ရူဒီဂါရဲ့အကျီကိုပါ ဆွဲခဲ့တာဖြစ်ပါတယ်။


၂ ဦးကြားမှာ စကားချင်းစစ်ထိုးခဲ့သလို အဆုံးသတ်မှာ ရီးရဲလ်ဂန္ထဝင်ဟောင်းက အဝေးကို ထွက်ခွာသွားခဲ့ပါတယ်။ ဂျာမန်သားက စိတ်ပိုင်းဆိုင်ရာမှာ အနိုင်ရခဲ့ပေမယ့် ပွဲကစားချိန် ၇၇ မိနစ်မှာ အဝါကတ်အပြခံခဲ့ရပါတယ်။ အလာဘာက Own goal သွင်းယူနိုင်ခဲ့ပြီးနောက် ၃ မိနစ်အကြာမှာ ကာဗာဂျယ်က ၄ မိနစ်အကြာမှာ ခေါင်းတိုက်ပြီး ချေပဂိုးသွင်းယူခဲ့ပါတယ်။ အဝါကတ် ၇ ကတ်နဲ့အထိ ဖြစ်ခဲ့ပေမယ့် ၂ သင်းကြားအနိုင်ဂိုးရှာမရခဲ့တာကြောင့် ၁-၁ သရေနဲ့ပွဲက ပြီးဆုံးခဲ့ပါတယ်။

#လာလီဂါ #ရူဒီဂါ #ရီးရဲလ်မက်ဒရစ် #ရာမို့စ်