ရှေ့သို့
Image

အမ်မရီရဲ့ဦးစားပေးကစားသမားမဖြစ်လာတဲ့အပေါ် တုံ့ပြန်လိုက်တဲ့ တိုင်လီမန်းစ်

1:07 PM, 22 October

အက်စ်တွန်ဗီလာကွင်းလယ်လူ တိုင်လီမန်းစ်က အမ်မရီရဲ့ဦးစားပေးကစားသမားမဖြစ်လာတဲ့အပေါ် တုံ့ပြန်လိုက်ပြီး ပွဲထွက်ခွင့်နေရာအတွက် တိုက်ပွဲဝင်သွားမယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ လက်စတာကနေ ပြောင်းလာပြီးနောက် တိုင်လီမန်းစ်ဟာ ဗီလာအသင်းမှာပရီးမီးယားလိဂ်ပွဲထွက်ခွင့်မရသေးပဲ ဘယ်လ်ဂျီယံနဲ့နိုင်ငံအသင်းပွဲကန်ချိန်မှာ သူ့ရဲ့စိတ်ပျက်မှုကို ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် အင်တာဗျူးမှာတော့ တိုင်လီမန်းစ်က သူ့အနေနဲ့ နည်းပြ အမ်မရီရဲ့တောင်းဆိုမှုကို နားလည်တယ်လို့ ရှင်းပြလိုက်ပါတယ်။


“အဲ့တာက မတူညီတဲ့စိန်ခေါ်မှုပါ။ ဒါပေမယ့် ကျွန်တော်လက်စတာမှာတုန်းက နေရာတစ်နေရာထိုက်တန်ခဲ့တယ်လို့ ခံစားရပါတယ်။ ဒါကြောင့် ကျွန်တော်ဒီမှာလည်း အဲ့လိုလုပ်ဆောင်မှာပါ။ ဖြစ်နိုင်တာက လက်စတာမှာတုန်းကထက် အချိန်ပိုယူရမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်အဲ့အချိန်ကိုယူမှာပါ။ ကျွန်တော်အလုပ်ကြိုးစားပြီး ပိုကောင်းတဲ့ကစားသမားဖြစ်လာအောင်လုပ်မှာပါ။ ကျွန်တော်ပွဲထွက်ခွင့်ရချိန်မှာ လူတိုင်းပျော်အောင်လုပ်ဆောင်ပေးချင်ပါတယ်။ အားလုံးပို့ပြီးပါပြီ။"


" အဲ့လိုမြင်ရတာတွေကိုရယ်မောပြီးပါပြီ။ ဘာလို့လဲဆိုတော့ အဓိပ္ပာယ်မရှိတာကြောင့်ပါ။ နည်းပြက ကျွန်တော့်ကိုအများကြီး အကူအညီပေးပါတယ်။ သူနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးအခြေအနေရှိပါတယ်။ တခါတလေမှာတော့ ပြောဆိုရတာတွေရှိစမြဲပါ”လို့ တိုင်လီမန်းစ်က ပြောကြားခဲ့ပါတယ်။ တိုင်လီမန်းစ်မှာ အရည်အချင်းရှိပေမယ့် ဥရောပအဆင့်နည်းပြလက်အောက်က တောင်းဆိုမှုတွေကြောင့် ရုန်းကန်နေရတာဖြစ်ပါတယ်။


ဒါ့အပြင် ကွင်းလယ်ပိုင်းမှာလည်း ကာမာရာ ၊ ဒေါက်ကလပ်လူးဝစ် ၊ မက်ဂင်းစတဲ့ကစားသမားတွေနဲ့ အားပြိုင်နေရတာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံသားဟာ ကွန်းဖရန့်လိဂ်ပွဲမှာ ပါဝင်ခွင့်ရရှိခဲ့ပေမယ့် ပရီးမီးယားလိဂ်စွမ်းဆောင်ရည်မျိုးရဖို့ အသင်းက ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ တိုင်လီမန်းစ်ဟာ တနင်္ဂနွေနေ့ ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း အရန်ခုံထပ်ပြီး ထိုင်ရဖို့ များနေပါတယ်။

#အက်စတွန်ဗီလာ #တိုင်လီမန်စ် #အမ်မရီ #ပရီးမီးယားလိဂ်