ရှေ့သို့
Image

အသက်ဘေးက‌နေ လက်မတင်လေးလွတ်မြောက်ခဲ့တဲ့ အာနိုး

3:07 PM, 21 October

လီဗာပူးအသင်းရဲ့ နောက်ခံကြယ်ပွင့် အလက်ဇန္ဒားအာနိုးဟာ တစ်နာရီမိုင် ၇၀ တိုက်‌နေတဲ့ လေတိုက်နှုန်းကြောင့် လဲကျလာတဲ့ ပေ ၄၀ အရှည်ရှိ လျှပ်ပစစ်ဓာတ်တိုင်ရဲ့ အနီးမှာရှိနေခဲ့သော်လည်း ကံကောင်းထောက်မစွာနဲ့ အသက်ဘေးက‌နေ  လက်မတင်လေးလွတ်မြောက်ခဲ့တယ်လို့သိရှိရပါတယ်။

အဆိုပါဖြစ်ရပ်ဟာ အင်္ဂလန်နိုင်ငံ ချက်ရှိုင်းယားရှိ စိုစွတ်သောလမ်းမတစ်ခုပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး  အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ တုန်လှုပ်‌ခြောက်ခြားမှုတော့ဖြစ်ခဲ့ရပေမယ့် တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ဘူးလို့ The Sun ကဆိုပါတယ်။  အာနိုးဟာ ၎င်းရဲ့ပေါင် ၉ သောင်းတန် Range Rover ကိုအချိန်မှီဘရိတ်အုပ်ပြီး ထိခိုက်မှုကိုရှောင်လွှဲနိုင်ခဲ့တာဖြစ်ပါတယ်။

အခြေအနေကို ချက်ရှိုင်းယားရဲတပ်ဖွဲ့က "မနက် ၁၀ နာရီ ၃၄ မိနစ်မှာ အနက်ရောင် Range Rover နဲ့ BMW ကားတစ်စီးတို့ လမ်းမပေါ်မှာ ထိခိုက်မှုဖြစ်ခဲ့တယ်လို့ သတင်းရရှိခဲ့ပါတယ်။ လျှပ်စစ်မီးတိုင် လမ်းပေါ်ပြုတ်ကျပြီး မတော်တဆဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ ၁ နာရီ ၅ မိနစ်မှာတော့ ထိခိုက်ဒဏ်ရာမရှိခဲ့ဘဲ အားလုံးကိုရှင်းလင်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ စွမ်းအင်ကုမ္ပဏီကိုဖုန်းဆက်ပြီး လျှပ်စစ်မီးဖြတ်တောက်ခိုင်းထားခဲ့ပါတယ်" လို့ထုတ်ပြန်‌ကြေညာထားပါတယ်။

အဆိုပါဖြစ်ရပ်အပြီးမှာတော့ အာနိုးဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပြီး ယနေ့မှာတော့ လီဗာပူးအသင်းဟာ မာဆေးဆိုက်ဒ်ဒါဘီပွဲစဉ်အဖြစ် အဲဗာတန်နဲ့ကစားသွားရမှာဖြစ်ပါတယ်။ အသက်-၂၅ နှစ်အရွယ်နောက်ခံလူဟာ ဒီရာသီမှာလီဗာပူးအတွက် ၇ ပွဲကစားထားပြီး ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ထားပါတယ်။ အင်္ဂလန်သားဟာ လက်ရှိအချိန်အထိ လီဗာပူးအတွက် စုစုပေါင်း ၂၈၀ ပွဲကစားထားပြီး ၁၆ ဂိုးသွင်းယူကာ ၇၃ ဂိုးဖန်တီးပေးထားပါတယ်။

#လီဗာပူး #အာနိုးလ် #ပရီးမီးယားလိဂ်