ရှေ့သို့
Image

ဆာကာနဲ့ ဆာလီဘာတို့ကြံ့ခိုင်မှု အခြေအနေကို ထုတ်ဖော်ပြောကြားလိုက်တဲ့ အာတီတာ

10:07 AM, 21 October

အာဆင်နယ်အသင်းနည်းပြ အာတီတာက စနေနေ့မှာကစားမယ့် ချဲလ်ဆီးနဲ့ ပွဲမတိုင်ခင် ဆာကာနဲ့ ဆာလီဘာတို့ရဲ့ကြံ့ခိုင်မှု အခြေအနေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဆာကာဟာ နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် မန်စီးတီးနဲ့ကစားခဲ့တဲ့ပွဲကို တံကောက်ကြောဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တာဖြစ်ပြီး နိုင်ငံအသင်း လူစာရင်းကနေပါ နုတ်ထွက်ခဲ့ရပါတယ်။ ဆာလီဘာကလည်း ဒီနေ့မှာ လေ့ကျင့်ခန်းပြန်ဆင်းခဲ့ပေမယ့် ကြံ့ခိုင်မှုအခြေအနေကို စစ်ဆေးရမှာဖြစ်ပြီး ဆာကာကတော့ ပြန်လာနိုင်ဖို့ မသေချာသေးတာဖြစ်ပါတယ်။

သောကြာနေ့မနက်ခင်းတုန်းက အာတီတာက “ဒီပွဲအတွက် သူအများကြီးအလုပ်ကြိုးစားနေပါတယ်။ ဒီနေ့မှာဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ သူရက်အများကြီးအနားရခဲ့သလို နိုင်ငံအသင်းကနေ အနားရခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူ့အနေနဲ့ ကုသဖို့လိုအပ်တာကြောင့်ပါ။ ချဲလ်ဆီးနဲ့ပွဲမှာ သူအဆင်သင့်ြ့ဖစ်ချင်နေပါတယ်။ သူကစားချင်နေတယ်ဆိုတာ ကျွန်တော်သေချာပြောနိုင်ပါတယ်။ ဒီလိုမျိုးပွဲထွက်လူစာရင်းမှာ မပါဝင်ချင်တဲ့ ကစားသမားမရှိဘူးလို့ မြင်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာတီတာကတော့ ဆာကာနဲ့ ဆာလီဘာတို့ကို အရေးပါတဲ့ချဲလ်ဆီးနဲ့ပွဲမှာ ပါဝင်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။
ဆကာဟာ ဒီရာသီအသင်းအတွက် ပရီးမီးယားလိဂ်မှာ ၄ ဂိုးသွင်း ၊  ၂ ဂိုး ဖန်တီးထားကာ ဆာလီဘာက အသင်းအတွက် မိနစ်တိုင်းပါဝင်ခွင့်ရရှိထားပါတယ်။

ထရိုဆက်ကတော့ စီးတီးနဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာကြောင့် ချဲလ်ဆီးနဲ့ပွဲကို ပါဝင်နိုင်ဖို့ မသေချာသေးတာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံသားနေရာမှာ မာတီနယ်လီက အစားဝင်ခဲ့ပြီး စီးတီးနဲ့ပွဲမှာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ အခုအပတ်မှာ ချဲလ်ဆီးကို အနိုင်ကန်နိုင်ခဲ့ရင် မြို့ခံပြိုင်ဘက် တော့တင်ဟမ်က ဖူလ်ဟမ်နဲ့မကန်ခင် အမှတ်ပေးဇယားကို ယာယီဦးဆောင်နိုင်မှာဖြစ်ပါတယ်။

#အာတီတာ #ဆာကာ #ဆာလီဘာ #အာဆင်နယ် #ပရီးမီးယားလိဂ်