ဘန်ဇီးမားကို နောက်တစ်ကြိမ် ဝေဖန်တိုက်ခိုက်လိုက်တဲ့ ပြင်သစ်အတွင်းဝန် ဒါမာနင်
11:33 AM, 20 October
ပြင်သစ်အတွင်းဝန် ဒါမာနင်ကတော့ ရီးရဲလ်စတားဟောင်း ဘန်ဇီးမားကို နောက်တစ်ကြိမ် ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။
ဒါမာနင်ဟာ ဂါဇာကို ဗုံးကြဲတာနဲ့ပတ်သက်ပြီး ကနဦးတုန်းက ဘန်ဇီးမားကို ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ဘန်ဇီးမားရဲ့ရှေ့နေ ဗီဂါကတော့ ကြာသပတေးနေ့တုန်းက သူ့ကစားသမားဟာ ပြင်သစ်အတွင်းဝန်ကို တရားစွဲဖို့ ပြင်ဆင်နေပြီး စွပ်စွဲမှုတွေကို ငြင်းဆိုခဲ့တာဖြစ်ပါတယ်။
ဒါမာနင်ကလည်း အင်တာဗျူးတစ်ခုမှာ ဘန်ဇီးမားတစ်ယောက် အာရက်စ်မှာ အကြမ်းဖက်တွေရဲ့တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့တာကို မထုတ်ပြောခဲ့ဘူးလို့ ဆိုပါတယ်။ ဘန်ဇီးမားတစ်ယောက် အကြမ်းဖက်တွေနဲ့ ချိတ်ဆက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကို ဒါမာနင်က ထောက်ပြပြီး အစ္စလာမ်အကြမ်းဖက်တွေရဲ့ အစုလိုက်အပြုံလိုက်တိုက်ခိုက်မှုကို ထောက်ပြခဲ့ပါတယ်။
“ကျွန်တော် ဘာပြောခဲ့လဲ။ မစ္စတာ ဘန်ဇီးမားက ထိပ်တန်းဘောလုံးသမားပါ။ သူ့ကိုလူသန်းပေါင်းများစွာ Follow ထားတာပါ။ အာရက်စ်မှာ ပရော်ဖက်ဆာအသတ်ခံရတာနဲ့ ပတ်သက်ပြီး သူမတင်ထားတာကို ကျွန်တော် သတိထားမိပါတယ်။ ဒါ့အပြင် ကလေးတွေအသတ်ခံရတာ ၊ အမျိုးသမီးတွေ မုဒိန်းကျင့်ခံရတာ ၊ လူပေါင်း ၁၃၀၀ လောက်ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာတွေကို သူမတင်ခဲ့ပါဘူး။ အကြမ်းဖက်မှုတွေက ဆိုးဝါးပါတယ်။ အဲ့တာကို လူမှုမီဒီယာ ၊ အားကစား ၊ တေးသီချင်း ၊ အင်တာနက်ပေါ်မှာတင်ပြီး ကိုင်တွယ်ရမှာပါ။ ဘန်ဇီးမားသာ ပရော်ဖက်ဆာသေဆုံးမှုကို တွစ်တာမှာတင်ခဲ့ရင် ချစ်မြတ်နိုးမိမှာပါ။ သူအစ္စလာမ်ဘာသာနဲ့ အတော်လေးသိကျွမ်းပါတယ်”
“ဘန်ဇီးမားက ပြင်သစ်သားပါ။ ဒါပေမယ့် ပါလက်စတိုင်းလူသားတွေဘက်ကနေ တိုက်ခိုက်ဖို့ အခွင့်အရေးရှိတယ်လို့ ထင်ပါတယ်။ အဲ့တာကို မတင်တာက တော်တော်လေး အံ့အားသင့်စေပါတယ်။ မင်းအနေနဲ့ ဒီလိုမျိုးရွေးချယ်စရာမေးခွန်းတွေ မြင့်တက်လာတာကို မြင်မှာပါ။။ ကျွန်တော် မူဆလင်ညီနောင်အဖွဲ့ရဲ့ ပြင်သစ်ဆန့်ကျင်ရေးမက်ဆေ့ချ်အသုံးချတာကို ပြောနေတာပါ။ ဒီလိုနေ့တွေမှာ ဥပမာတွေရှိနေပါတယ်။ အချို့ဆိုရင် မိတာတွေရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ အလျင်အမြန်လုပ်နေတာကြောင့်ပါ။ ယိုဆက်အက်တယ်ဆို ထင်ရှားတဲ့ကစားသမားပါ။ တကယ်လို့ မစ္စတာဘန်ဇီးမားအနေနဲ့ ယုံကြည်မှုကို ပြသချင်တယ်ဆိုရင် ပရော်ဖက်ဆာသေဆုံးမှုကို တွစ်တာမှာ တင်လိုက်ပါတယ်။ ကျွန်တော့်မှတ်ချက်တွေကို ရုတ်သိမ့်ပါ့မယ်”လို့ ပြင်သစ်အတွင်းဝန် ဒါမာနင်က ပြောကြားခဲ့ပါတယ်။