ရှေ့သို့
Image

ACL ဒဏ်ရာ ရရှိခဲ့ပြီးနောက် ခွဲစိတ်ကုသမှု ခံယူရတော့မယ့် နေမာ

10:31 AM, 20 October

နေမာဟာ ACL ဒဏ်ရာ ရရှိခဲ့ပြီးနောက် ခွဲစိတ်ကုသမှုခံယူရန် ပြင်ဆင်နေချိန် သူ့ရဲ့ ဆိုရှယ်မီဒီယာပေါ်တွင် လှုပ်လှုပ်ရှားရှားဖြစ်စေမယ့် သတင်းစကားတစ်ခုကို ပို့စ်တင်ခဲ့ပါတယ်။ ဥရုဂွေးကို ၂-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဘရာဇီးတိုက်စစ်မှူးဟာ ပထမပိုင်းတွင်း ဒူးဒဏ်ရာအပြင်းအထန်ရခဲ့ပြီးနောက် ထမ်းဆင်ဖြင့် ကွင်းထဲကနေ ထွက်သွားခဲ့ရပါတယ်။

ပွဲအပြီးတွင် ချိုင်းထောက်နှင့်အတူ ခြေထောက်ကို ကြီးမားတဲ့အရာကြီးနှင့် ချည်နှောင်ထားတာကို တွေ့ခဲ့ရပြီးနောက် ဆေးစစ်ချက်များအရ အယ်လ်ဟီလယ် ကစားသမားဟာ ခွဲစိတ်မှုခံယူရမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ နေမာဟာ နောက်ထပ် ဒဏ်ရာပြဿနာကို ခံစားခဲ့ရပြီးနောက် စိတ်ပျက်လက်ပျက်ဖြစ်ကာ အင်စတာဂရမ်ပို့စ်တွင် အဆိုးဆုံးဟု ခေါင်းစဉ်တပ်ကာ ရေးသားခဲ့ပြီး ပိုမိုကြံ့ခိုင်လာမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

"ဒါဟာ အရမ်းဝမ်းနည်းစရာကောင်းတဲ့ အခိုက်အတန့်ပါ အဆိုးဆုံးပါပဲ။ ကျွန်တော် သန်မာနေရမယ်ဆိုတာ သိပေမယ့် ဒီတစ်ခါတော့ မိသားစုနဲ့ သူငယ်ချင်းတွေကို ပိုပြီး လိုအပ်လာပါလိမ့်မယ်။ ဒဏ်ရာနဲ့ ခွဲစိတ်မှု လုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ ၄ လလောက် ကြာမှ ပြန်ပြီး ဖြတ်သန်းဖို့အတွက် စိတ်ကူးကြည့်လိုက်ပါ။ ပြန်ကောင်းလာဖို့ ယုံကြည်ချက်တော့ ရှိပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်"လို့ ရေးသားထားပါတယ်။

နေမာဟာ နောက်တစ်ကြိမ် အနားယူမှုတွင် နှစ်ရှည်လများ အနားယူရဖို့ရှိနေပြီး သူ့ရဲ့ကလပ်အသစ်ဖြစ်တဲ့ အယ်လ်ဟီလယ်နှင့် ဘရာဇီးလက်ရွေးစင်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်တယ်ဆိုတာ သေချာနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကစားသမားအတွက် ခက်ခဲတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး လီဂူးဝမ်းပွဲစဉ်အဖြစ် လိုင်လီနဲ့ ကစားခဲ့တဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ကာ ပီအက်စ်ဂျီအသင်းရဲ့ လက်ကျန်ပွဲစဉ်တွေအားလုံးကို ကစားပေးနိုင်ခြင်းမရှိခဲ့ပါဘူး။

နေမာဟာ လက်ရှိအချိန်မှာ ဆော်ဒီပရိုလိဂ်ရဲ့ပွဲတွေကို လွဲချော်သွားရဖွယ်ရှိနေပြီး လာမယ့်နွေရာသီမှာ ကစားမယ့် ကိုပါအမေရိကပြိုင်ပွဲအတွက်ပါ ကစားဖို့ မသေချာနေတာဖြစ်ပါတယ်။

#ဘရာဇီး #ကမ္ဘာ့ဖလားခြေစစ်ပွဲ #နေမာ