ရှေ့သို့
Image

ဘရက်ဆဲလ် တိုက်ခိုက်မှုကြောင့် ဖျက်သိမ်းလိုက်တဲ့ ဘယ်လ်ဂျီယံနဲ့ ဆွီဒင်ပွဲကို ၁-၁ သရေအဖြစ် ယူအီးအက်ဖ်အေ အတည်ပြု

8:56 AM, 20 October

ဘရက်ဆဲလ်တိုက်ခိုက်မှုကြောင့် ဖျက်သိမ်းလိုက်တဲ့ ဘယ်လ်ဂျီယံနဲ့ ဆွီဒင်ပွဲရလဒ်ကို ၁-၁ သရေအဖြစ် ယူအီးအက်ဖ်အေက အတည်ပြုလိုက်ပါတယ်။ တနလာၤနေ့တုန်းက ဆွီဒင်ပရိသတ် ၂ ဦးသေဆုံးခဲ့ပြီးနောက် ပထမပိုင်းအပြီးမှာ ပွဲကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

၂ သင်းစလုံးရဲ့ကစားသမားတွေက ပွဲကိုပြန်ကန်ဖို့ ငြင်းဆန်ခဲ့ပြီး ကွင်းလယ်ဒိုင်ကလည်း ပွဲကို ရပ်နားခဲ့ပါတယ်။ ကနဦးအခြေအနေက မသေချာသေးပဲ ယူအီးအက်ဖ်အေက ၁-၁ သရေအဖြစ် သတ်မှတ်ပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဥရောပစည်းမျည်းတွေအရ ပထမပိုင်း ရလဒ်ကိုပဲ အတည်ပြုမလားဆိုတာ မသေချာသေးတာဖြစ်ပါတယ်။

“ဘယ်လ်ဂျီယံ နဲ့ ဆွီဒင်တို့ပွဲစဉ်ဟာ ဘရက်ဆဲလ် တိုက်ခိုက်မှုကြောင့် ပထမပိုင်းအပြီးမှာ ဖျက်သိမ်းခဲ့ရပါတယ်။ ဖျက်သိမ်းစဉ် ရလဒ်က ၁-၁ အဖြစ် သတ်မှတ်ထားသလို တစ်သင်းစီကို ၁ မှတ်စီပေးအပ်ခဲ့ပါတယ်။ ဒါပေမယ့် လက်ကျန်ဒုတိယပိုင်းကို ဆက်ကစားမလားဆိုတာက အမှုဆောင်ကော်မတီက ဆုံးဖြတ်မှာပါ။ ဘယ်လ်ဂျီယံနဲ့ ဆွီဒင်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေကတော့ ယတိပြတ်မဆုံးဖြတ်ရသေးတာဖြစ်ပါတယ်။ ၁-၁ ဆိုတဲ့ရလဒ်က ခြေစစ်ပွဲအောင်မြင်ခွင့်ကို ထိခိုက်မှာမဟုတ်ပဲ ဘယ်လ်ဂျီယံက ယူရို ၂၀၂၄ ဝင်ခွင့်ရရှိထားပြီးဖြစ်ပါတယ်။ သက်ဆိုင်ရာပွဲစဉ်တွေကို လာမယ့်နိုဝင်ဘာမတိုင်ခင်အထိ ကန်ဦးမှာမဟုတ်ပဲ အုပ်စုပွဲစဉ်တွေ အဆုံးသတ်မှသာ play-off နဲ့ နောက်ဆုံးပွဲစဉ်တွေကို ဆက်ရေးဆွဲမှာဖြစ်ပါတယ်”လို့ ယူအီးအက်ဖ်အေက ဆိုပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် ဆွီဒင်ပရိသတ်တွေဟာ ကွင်းထဲမှာ မနက် ၄ နာရီ မတိုင်ခင်အထိ ပိတ်ခံထားခဲ့ရပါတယ်။ သတင်းကြားသိရပြီးချိန်မှာ ဆွီဒင်ကစားသမားတော်တော်များများ ဝမ်းနည်းခဲ့ကြပြီး ယူနိုက်တက်နောက်ခံလူ လင်ဒီလော့ဖ်က ပွဲကိုပြန်မကစားဖို့ ပြောကြားခဲ့ပါတယ်။

“ဘယ်လ်ဂျီယံက ဝင်ခွင့်ရရှိထားပြီးပါပြီ။ ကျွန်တော်တို့မှာ ယူရိုဝင်ခွင့် အခွင့်အရေးမရှိတော့ပါဘူး။ ဒါကြောင့် ပြန်ကစားစရာအကြောင်းမရှိပါဘူး”လို့ လင်ဒီလော့ဖ်က ပြောကြားခဲ့ပါတယ်။

ဆွီဒင်ကတော့ သေဆုံးခဲ့တဲ့ပရိသတ်တွေကို ဝမ်းနည်းကြောင်း ဆိုခဲ့ပြီး “ဘရက်ဆဲလ်မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်ခံရမှုအတွက် တကယ့်ကိုရှော့ခ်ရခဲ့ပါတယ်။ ဒီလိုလူမဆန်မှုအတွက် ပြောစရာစကားလုံးရှာမရခဲ့ပါဘူး။ သေဆုံးခဲ့တဲ့မိသားစုဝင်တွေ သူငယ်ချင်းတွေနဲ့အတူ ထပ်တူဝမ်းနည်းမိပါတယ်”လို့ ဆွီဒင်တာဝန်ရှိသူတွေက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့တော့ သံသယရှိသူအသက် ၄၅ နှစ်အရွယ်လူတစ်ဦးကို ကော်ဖီဆိုင်ထဲမှာ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

#ဆွီဒင် #ယူအီးအက်ဖ်အေ #ဘယ်လ်ဂျီယံ