အကြမ်းဖက်သမားတွေနဲ့ ချိတ်ဆက်နေခြင်း မရှိကြောင်း ငြင်းဆိုလိုက်တဲ့ ဘန်ဇီးမား
1:32 PM, 19 October
ပြင်သစ်ကလာတဲ့သတင်းတွေအရ ဘန်ဇီးမားတစ်ယောက် အကြမ်းဖက်သမားတွေနဲ့ ချိတ်ဆက်နေတယ်လို့ ဖော်ပြနေကြပြီး အဆိုပါဖော်ပြမှုကို ဘန်ဇီးမားက တရားစွဲဖို့ ပြင်ဆင်နေပါတယ်။
ရီးရဲလ်တိုက်စစ်မှူးဟောင်း ဆော်ဒီမြေကို တစ်နှစ်လုပ်ခပေါင် ၈၆ သန်းနဲ့ ပြောင်းလာခဲ့တာဖြစ်ပြီး ပြင်သစ်ဝန်ကြီးက သူ့ကိုအကြမ်းဖက်သမားတွေနဲ့ ချိတ်ဆက်နေတယ်လို့ စွပ်စွဲခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ဘန်ဇီးမားက လူမှုမီဒီယာကနေတစ်ဆင့် အစ္စရေး - ပါလက်စတိုင်းစစ်ပွဲအတွင်းမှာ ဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး သူ့ဒေါသကို အခုလိုပြောကြားခဲ့ပါတယ်။
ဘန်ဇီးမားဟာ အယ်လ်ဂျီးရီးယားအနွယ်ဝင်ဖြစ်ပြီး မူဆလင်ဘာသာတရားကို ကိုင်းရှိုှုင်းတာဖြစ်ပြီး ပါလက်စတိုင်းအတွက် ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့အားလုံး ဂါဇာဒေသအတွက် ဆုတောင်းပေးတာပါ။ အမျိုးသမီးတွေကော ကလေးတွေပါရှိနေတဲ့နေရာကို ဗုံးကျဲတာက မမျှတပါဘူး”လို့ တွစ်တာကနေ ဘန်ဇီးမားက ရေးသားခဲ့ပါတယ်။
ပြင်သစ်ကစားသမားဟောင်းဟာ အဆိုပါအပြုအမူကြောင့် ပြင်သစ်အတွင်းဝန် ဒါမာနင်ရဲ့စွပ်စွဲမှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ သြစတြီးယားက ပါလီမန်မှာ အကြမ်းဖက်မှုဆန့်ကျင်ရေးဥပဒေပြဌာန်းခဲ့ပြီးနောက် ၂၀၂၁ တုန်းက မူဆင်ညီနောင်အဖွဲ့ဟာ အကြမ်းအုပ်စုအဖြစ် ထင်ရှားလာခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်အုပ်စုရဲ့အဖွဲ့ဟာ ဆော်ဒီမှာ အခြေစိုက်တာဖြစ်ပြီး သြစတြီးယားအပါအဝင် နိုင်ငံ ၆ နိုင်ငံနဲ့ တည်ထောင်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် မူဆလင်ညီနောင်အဖွဲ့ကို ပြင်သစ်မှာက အသိအမှတ်မပြုထားတာဖြစ်ပါတယ်။ ပြင်သစ်သတင်းဌာနရဲ့အဆိုအရ ဘန်ဇီးမားရဲ့ရှေ့နေတွေဟာ တရားရေးအရ ရင်ဆိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
“ကျွန်တော်တို့ ဝန်ကြီးရဲ့ပြောကြားချက်တွေကို တရားစွဲဖို့ ပြင်ဆင်နေပါတယ်။ ဥပမာအနေနဲ့ ကျွန်တောာ်တို့အစိုးရအနေနဲ့ အချက်အလက်တွေကို ကြိုးကိုင်ခြယ်လှယ်တာ ၊ လူ့ပတ်ဝန်းကျင်မှာ စွပ်စွဲတာတွေ ၊ ညီနောင်အဖွဲ့နဲ့ မချိတ်ဆက်ပဲ ပေါက်ကရပြောနေတာတွေကို ဥပဒေအရ တရားစွဲမှာပါ”လို့ ဘန်ဇီးမားရှေ့နေက ပြောကြားခဲ့ပါတယ်။
ဘန်ဇီးမားဟာ သူ့ကို အစ္စရေးရဲ့ရန်သူလို့ စွပ်စွဲတဲ့ပို့စ်ကို တွစ်တာမှာ တင်ခဲ့တာကြောင့် ပြင်သစ် MEP မိုရာနိုကိုလည်း တရားစွဲဖို့ ပြင်ဆင်နေပါတယ်။