ရှေ့သို့
Image

လုခ်ရှောရဲ့ ကြံ့ခိုင်မှုအခြေအနေကြောင့် အင်တာမီလန်စတား ဒီမာကိုအား ခေါ်ယူရန် ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်

10:20 AM, 19 October

ဥရောပထိပ်တန်းအသင်း တစ်သင်းအဖြစ် ပြန်လည်ဦးမော့နိုင်ရေး အားစိုက်လုပ်ဆောင်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းက အဓိက အားထားရတဲ့ ဘယ်အစွန်ကစားသမား လုခ်ရှော့ရဲ့ ကြွက်သားဒဏ်ရာကြောင့် အစားထိုးတဲ့အနေဖြင့် အင်တာအသင်းရဲ့ ဥရောပအတွေ့ အကြုံများပြားတဲ့ နောက်တန်းအစွန်ကစားသမား ဒီမာကိုအား ခေါ်ယူရန် စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

ဥရောပအခြေစိုက် သတင်းရင်းမြစ်အချို့ရဲ့ ဖော်ပြချက်အရ နည်းပြ တန်ဟတ်အနေဖြင့် လိုအပ်နေတဲ့ နောက်တန်းအစွန်နေရာ အတွက် ကစားသမားဖြည့်တင်းမှု ပြုလုပ်လိုနေပြီး ပီအက်စ်ဂျီအသင်းနဲ့အပြိုင် ဒီမာကိုအား ခေါ်ယူရန် စိတ်ဝင်စားနေပေမဲ့ အင်တာမီလန် အသင်းက ကစားသမားကို ကာလရှည်စာချုပ်သက်တမ်းတိုးမြှင့် ချုပ်ဆိုရန် ဆန္ဒရှိနေတာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် နိုင်ပွဲ ၄ ပွဲသာရထားတာကြောင့် ၈ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၁၂မှတ်သာ စုဆောင်းနိုင်ခဲ့ပြီး အဓိက လိုအပ်ချက်မြင့်မားတဲ့ ဘယ်နောက်တန်းအစွန်နေရာ အတွက် တော့တင်ဟမ် ကစားသမား ရီဂူလွန်ကို အငှားခေါ်ထားပေမဲ့ ကစားသမားက ထပ်မံဒဏ်ရာရသွားခဲ့တာလည်း ဖြစ်ပါတယ်။ စပိန်သတင်းစာ မန်ဒိုဒီပို့တီပို့ရဲ့ အဆိုအရ ယူနိုက်တက်အသင်းအနေဖြင့် လုခ်ရှောရဲ့ နေရာအတွက် ယာယီအစားထိုးဖြေရှင်းမှုတစ်ရပ်အဖြစ် အသက် ၃၂အရွယ် ဘာစီလိုနာ နောက်တန်း အစွန်ကစားသမားကို ပစ်မှတ်ထားနေတဲ့ အကြောင်း သတင်းထွက်ပေါ်ခဲ့ပေဖူးပေမဲ့ တရားဝင် ကမ်းလှမ်းမပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက ဒီမာကိုအား ခေါ်ယူနိုင်ရန် ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းနဲ့ အားပြိုင်ရဖွယ်ရှိနေတဲ့ အပြင် အင်တာမီလန်အသင်းဘက်ကလည်း ကစာသမားအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ ဝန်းကျင်ခန့်အထိ တောင်းဆိုလာနိုင်တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အင်တာမီလန် #အပြောင်းအရွှေ့ #လုခ်ရှော #ဒီမာကို