ရှေ့သို့
Image

နောက်ကျောဒဏ်ရာပြဿနာကြောင့် မော်ရိုကိုလူစာရင်းကနေ နှုတ်ထွက်ခဲ့တဲ့ အမ်မရာဘတ်

10:11 AM, 19 October

ယူနိုက်တက်ဟာ စက်တင်ဘာလတွင် ဆေးစစ်နေစဉ်မှာ အမ်မရာဘတ်ရဲ့ နောက်ကျောဒဏ်ရာ ပြဿနာကို တွေ့ရှိခဲ့သော်လည်း ပေါင် ၂၁.၄ သန်း (ယူရို ၂၅ သန်း)ဖြင့် အပြီးသတ်ခေါ်ယူရန် ရွေးချယ်ခွင့်ပါဝင်တဲ့ အငှားစာချုပ်ဖြင့် ဖီအိုရင်တီးနားမှ ကွင်းလယ်ကစားသမားကို ခေါ်ယူရန် လုပ်ဆောင်ခဲ့ပါတယ်။

အမ်မရာဘတ်ဟာ ဒဏ်ရာကြောင့် ယူနိုက်တက်အတွက် ပွဲဦးထွက်ကို ရွှေ့ဆိုင်းခဲ့ရပေမယ့် အခုချိန်မှာတော့ တန်ဟက်ရဲ့ အသင်းအတွက် ၅ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် အဆိုပါကစားသမားဟာ ယခုလ နိုင်ငံတကာပွဲစဉ်များ ကစားနေစဉ်အတွင်း မော်ရိုကိုအသင်းတွင် စတင်ရွေးချယ်ခံခဲ့ရသော်လည်း ပြီးခဲ့တဲ့စနေနေ့က အဘီဂျန်တွင် အိုင်ဗရီကို့စ်နှင့် ခြေစမ်းပွဲအတွက် မပါဝင်နိုင်ခဲ့ပါဘူး။

သူဟာ အင်္ဂါနေ့က မော်ရိုကိုရဲ့လိုက်ဘေးရီးယားကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ အာဖရိကနိုင်ငံများဖလားခြေစစ်ပွဲကို လွဲချော်ခဲ့သော်လည်း လာမယ့်နှစ်ပြိုင်ပွဲအတွက် နေရာရရှိနေပြီဖြစ်ပါတယ်။ မော်ရိုကိုရဲ့ AFCON ခြေစစ်ပွဲမှာ အမ်မရာဘတ် မပါဝင်တာကြောင့် ယူနိုက်တက်ပရိသတ်တွေက စိုးရိမ်မှုတွေ တိုးလာခဲ့ပေမယ့် ကွင်းလယ်ကစားသမားရဲ့ ကစားနိုင်မှုနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို ယူနိုက်တက်နဲ့ ကြိုတင်သဘောတူထားကြောင်း နည်းပြချုပ် ရီဂရာဂူရီက အတည်ပြုခဲ့ပါတယ်။

"နောက်ကျောဒဏ်ရာရရှိတဲ့ အမ်မရာဘတ်နဲ့ ကျွန်တော်တို့မှာ ပြဿနာရှိနေပြီး သူ့ရဲ့ကလပ် ယူနိုက်တက်သို့ ပြန်လွှတ်လိုက်တာကလွဲလို့ မော်ရိုကိုအသင်းက ကောင်းကောင်းလုပ်ဆောင်နေပါတယ်" "ဒါပေမယ့် အဆိုးမြင်မှုတိုင်းဟာ အပြုသဘောဆောင်တဲ့သဘောရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက နည်းပြတစ်ဦးအတွက် ပျက်ကွက်မှုအပေါ် မှီခိုဖို့မလွယ်တဲ့အတွက်ကြောင့် တခြားရွေးချယ်စရာတွေကို ပြန်သုံးသပ်နိုင်စေလို့ပါပဲ။ ဒါကြောင့် အမ်မရာဘတ် မရှိတော့တာက ကွင်းလယ်မှာ မာဇာအိုရီရဲ့ အနာဂတ်အတွက် အခြားရွေးချယ်စရာများစွာကို မြင်နိုင်စေမှာပါ" လို့ နည်းပြက ပြောပါတယ်။

လိုက်ဘေးရီးယားအား အနိုင်ရရှိခဲ့တဲ့ပွဲမတိုခင်မှာ "လေ့ကျင့်ရေးမစခင်မှာ အမ်မရာဘတ် မရှိတော့တဲ့အကြောင်း ကျွန်တော်တို့က သိထားတာကြောင့် ပျက်ကွက်တွေ နောက်ကွယ်မှာ ဖုံးကွယ်ထားမှာတော့ မဟုတ်ပါဘူး" "သူဟာ ဘယ်အချိန်မှာမဆို ဒဏ်ရာရနိုင်ပြီး၊ ဖြေရှင်းချက်နဲ့ အခြားရွေးချယ်စရာတစ်ခုကို ရှာဖွေရမှာဖြစ်သလို ဆိုဖီယန်က ထွက်ခွာသွာပေမယ့် သူ့ရဲ့နေရာကို ဖြည့်စွမ်းနိုင်တဲ့ ကစားသမားတွေလည်း ရှိပါတယ်" "ကျွန်တော်တို့နှင့်အတူ အမ်မရာဘတ်က အီဂျစ်လက်ရွေးစင်အသင်းတွင် ဆာလက် ရှိနေခြင်း သို့မဟုတ် မရှိတော့ခြင်း ကိစ္စတွင်  ဖြစ်ပျက်ခဲ့တဲ့အရာများလိုပါပဲ" နည်းပြက ပြောပါတယ်။

ယူနိုက်တက်အသင်းဟာ လာမည့်စနေနေ့ညတွင် ရှက်ဖီးယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ် အတွက် အမ်မရာဘတ်ကို ထည့်သွင်းနိုင်ဖို့ မျှော်လင့်ထားပါတယ်။

#ပရီးမီးယားလိဂ် #မော်ရိုကို အမ်မရာဘတ်