ရှေ့သို့
Image

မက်ဆီရဲ့ ကန်ချက်ပုံစံအတိုင်း ဖင်လန်အသင်း အတွက် ဖရီးကစ်ဂိုး သွင်းယူးပေးနိုင်ခဲ့တဲ့ တေလာ

2:42 PM, 18 October

နိုင်ငံတကာပွဲရက်တွေအတွင်း ဖင်လန်အသင်းနဲ့ ကာဇက်စတန်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ယူရို ၂၀၂၄ ပွဲအကြို ခြေစစ်ပွဲစဉ်တွင် ကာဇက်စတန်အသင်းက ၁ဂိုး - ၂ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပြီး ဖင်လန်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ရောဘတ်တေလာရဲ့ ဖရီးကစ်ဂိုးသွင်းယူပုံနည်းစနစ်က မက်ဆီရဲ့ ကန်သွင်းပုံနဲ့ အတော်လေးဆင်တူနေခဲ့တာပဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ် နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်တဲ့ တေလာက အင်တာမီယာမီအသင်းမှာ မက်ဆီနဲ့အတူ အတွဲအဖက်ညီစွာ ခြေစွမ်းပြကစားနေပြီး ယခုနှစ်ဘောလုံးရာသီအတွင်းမှာ ကစားထားတဲ့ ပွဲစဉ်တွေ အတွင်း ၈ ဂိုးသွင်းကာ ၉ ဂိုးအထိ ဖန်းတီးပေးထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ကျော် စူပါစတားတွေဖြစ်တဲ့ မက်ဆီ၊ ဘက်စ်ကွက်၊ ဂျော်ဒီအယ်လ်ဘာ နဲ့ နည်းပြ မာတီနိုတို့ ပြောင်းရွှေ့လာခဲ့အပြီးမှာ အင်တာမီယာမီအသင်းက ထိပ်တန်းအဆင့်အသင်း တစ်သင်းအဖြစ် ရပ်တည်လာနိုင်ခဲ့ပြီး ပွဲစဉ်တွေ ပိုများလာကာ ၇၃ ရက်အတွင်း ပွဲစဉ် ပေါင်း ၁၇ ပွဲအထိ ကစားခဲ့ရတာကြောင့် အတော်လေး ပွဲဆက်နေပြီး ၄ ရက်ကျော်ကျော်မှာ တစ်ပွဲနှုန်းလောက် ကစားထားရတာ ဖြစ်ပါတယ်။

အင်တာမီယာမီအသင်းရဲ့ ပြီးခဲ့တဲ့ အပတ်ပွဲစဉ်မှာ အဓိက အားထားရတဲ့ ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ ဂျော်ဒီအယ်လ်ဘာ၊ မက်ဆီဂိုးမက်ဇ် တို့ ၃ဦး အထိ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ စူပါးစတားတစ်ဦးအဖြစ် အမေရိကန်မြေကို ရောက်လာခဲ့တဲ့ မက်ဆီအနေဖြင့် အင်တာမီယာမီအသင်းအတွက် ယခုနှစ်မှာ ဆုဖလားတစ်လုံး ရယူနိုင်ရန် ကူညီ ပေးနိုင်ခဲ့ပြီး ကြံ့ခိုင်မှု အခြေအနေကြောင့် ပွဲစဉ်တွေ ဆက်တိုက် လွဲချော်ခဲ့သလို ဝေဖန်မှုအချို့နဲ့ပါ ကြုံတွေ့နေခဲ့ရတာလည်း ဖြစ်ပါတယ်။

နည်းပြ တာတာမာတီနိုရဲ့ အင်တာမီယာမီအသင်းက ကြာသပတေးနေ့တွင် မေဂျာလိဂ်ပွဲစဉ်တစ်ပွဲအဖြစ် ရှားလော့အက်ဖ်စီအသင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပေမဲ့ အဓိကစားသမားအချို့က လွဲချော်ဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။

#မက်ဆီ #ဖင်လန် ယူရို၂၀၂၄ခြေစစ်ပွဲ #တေလာ