ရှေ့သို့
Image

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ အပြီးမှာ နိုင်ငံအသင်းကနေ အနားယူမယ်လို့ အတည်ပြုလိုက်တဲ့ ဒီမာရီယာ

2:06 PM, 18 October

အာဂျင်တီးနားဂန္ထဝင်ကစားသမား အိန်ဂျယ်ဒီမာရီယာက ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲအပြီးမှာ နိုင်ငံ့လက်ရွေးစင်အသင်းမှ အနားယူမှာ ဖြစ်တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အာဂျင်တီးနားအသင်းနဲ့ ထပ်မံပူးပေါင်းနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဒီမာရီယာဟာ နိုင်ငံအသင်းကနေ အနားယူမယ့်အကြောင်းကို ၂၀၂၁-၂၁ ရာသီကုန် ပီအက်စ်ဂျီမှာရှိစဉ်က ၎င်းရဲ့အသင်းဖော် လီယွန်နယ်မက်ဆီကို ပြောပြခဲ့တယ်လို့ဆိုပါတယ်။

Todo Pasa သို့ ဒီမာရီယာက “ကိုပါအမေရိကပြိုင်ပွဲပြီးရင်ကျွန်တော် အာဂျင်တီးနား အသင်းကနေ နုတ်ထွက်သွားတော့မှာပါ။ ကျွန်တော့်ရဲ့အချိန်က ကုန်ဆုံးသွားပါပြီ။ ကျွန်တော်ပီအက်စ်ဂျီမှာရှိနေတုန်းက မက်ဆီကိုဖက်ပြီး “မင်းနဲ့နေ့တိုင်းတွေ့ဖို့ ကလပ်တစ်ခုတည်းမှာ အတူတူကစားခွင့်ရခဲ့လို့ကျေးဇူးတင်ပါတယ်” လို့ပြောခဲ့ဖူးပါတယ်” လို့ပြောကြားခဲ့ပါတယ်။

အသက်-၃၅ နှစ်အရွယ် တောင်ပံကစားသမားဟာ အာဂျင်တီးနားလက်ရွေးစင် အသင်းအတွက် စုစုပေါင်း ၁၃၄ ပွဲကစားထားပြီး ၂၉ ဂိုးသွင်းယူပေးထားပါတယ်။ ၎င်းဟာ ဘရာဇီးနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၁ ကိုပါအမေရိကဗိုလ်လုပွဲမှာသာမက ၂၀၂၂ ပြင်သစ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာလည်း ဂိုးတွေသွင်းယူကာ အာဂျင်တီးနားရဲ့ ဆုဖလားဆွတ်ခူးမှုတွေမှာ အဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့တာဖြစ်ပါတယ်။

လီယွန်နယ်စကာလိုနီရဲ့ အာဂျင်တီးနား အသင်းဟာ ယနေ့နံနက်က ပီရူးနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ အသင်းခေါင်းဆောင်မက်ဆီရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ၀-၂ ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။

#ဒီမာရီယာ #ကိုပါအေမရိက #အာဂျင်တီးနား