ရှေ့သို့
Image

စာချုပ်သစ်အတွက် လီဝန်ဒေါ့စကီးကို ချဉ်းကပ်လာတဲ့ ဘာစီလိုနာ

12:46 PM, 18 October

ဘာစီလိုနာအားကစားဒါရိုက်တာအသစ် ဒေကိုဟာ လာမယ့်လများအတွင်း စျေးကွက်တွင် လှုပ်ရှားမှုအနည်းငယ်သာရှိမယ်လို့ မျှော်လင့်ထားရသော်လည်း သူလုပ်ခဲ့တဲ့အရာကတော့ အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။ ဒေကိုဟာ ဇာဗီ အစီအစဉ်တွေ အတွက် အဓိကထိုးနှက်ချက်ဖြစ်စေနိုင်တဲ့ အသက် ၁၈ နှစ်အရွယ် ဘရာဇီးတိုက်စစ်မှူး ဗစ်တာရိုကွီ အပါအဝင် ဇန်နဝါရီအပြောင်းအရွှေ့တွင် ကစားသမားခေါ်ယူနိုင်မှုအပေါ် သံသယရှိနေပါတယ်။

ရိုကွီဟာ အသင်းရဲ့ လစာကန့်သတ်ချက်နှင့် အံဝင်ခွင်ကျဖြစ်မည်ဆိုပါက သူ့ရဲ့ထိပ်ဆုံးစာရင်းသို့ ရောက်ရှိသွားမှာဖြစ်သလို သူ့ရဲ့အစီအစဉ်ထဲမှာ အခြားဦးစားပေး နှစ်ခုရှိကြောင်း အားကစားဒါရိုက်တာက ပြောကြားခဲ့ပါတယ်။ အဲ့ဒီထဲက တစ်ခုမှာ ဒီဂျောင်ရဲ့ သက်တမ်းတိုးခြင်းဖြစ်ပြီး နောက်တစ်ခုမှာ လီဝန်ဒေါ့စကီးရဲ့ သက်တမ်းတိုးခြင်းဖြစ်ပါတယ်။

ဒီဂျောင်ရဲ့ စာချုပ်က ဆန်းကျယ်ပုံရသော်လည်း နယ်သာလန်သားဟာ ဘာစီလိုနာကို သူ့ရဲ့အိမ်အဖြစ် ဆက်လက်ခံစားနေသရွှေ့ ဖြစ်နိုင်ချေရှိနေပါတယ်။ နောက်ပိုင်းမှာတော့ နည်းနည်းပိုခက်နိုင်ပါတယ်။

လီဝန်ဒေါ့စကီးက စတုတ္ထအဆင့်အတွက် ရွေးချယ်ခွင့်ဖြင့် ၃ နှစ် စာချုပ် ချုပ်ဆိုထားသော်လည်း သူ့ရဲ့ လက်ရှိသဘောတူညီချက်အရ တစ်နှစ်ထက်တစ်နှစ် လစာတိုးလာနေပါတယ်။ ဇာဗီအတွက် နံပါတ်တစ်ရွေးချယ်မှုအဖြစ် ဆက်လက်ရှိနေသော်လည်း ပိုလန်သားဟာ လာမယ့်ရာသီတွင် အသက် ၃၆ နှစ် ပြည့်မည်ဖြစ်ပြီး အသင်းရဲ့လိုလားချက်နှင့် ဝေးကွာနေတယ်လို့ ယူဆရသလို ကလပ်တွင် လစာအများဆုံးကစားသမားဖြစ်လာမှာဖြစ်ပါတယ်။

ဒါ့ကြောင့် ဒေါကိုဟာ လာမည့်နှစ်တွင် လီဝန်ဒေါ့စကီးကို ၂၀၂၅ ခုနှစ်အထိ တစ်နှစ်သက်တမ်းတိုးစာချုပ် ကမ်းလှမ်းရန် ကြိုးစားမှာဖြစ်ပါတယ်။ လီဝန်ဒေါ့စကီးဟာ ဘာစီလိုနာတွင် အရမ်းပျော်ရွှင်ကြောင်းနှင့် ဆော်ဒီအာရေးဗျမှ ဘယ်လောက်အထိ ဆွဲဆောင်မှုနည်းကြောင်း မကြာခဏပြောလေ့ရှိသော်လည်း ကာတာလန်နေ့စဉ်သတင်းစာကတော့ ဆော်ဒီပရိုလိဂ်ဟာ ပိုလန်တိုက်စစ်မှူးကို အလွန်စိတ်ဝင်စားနေပြီး လာမယ့် နွေရာသီမှာ ကမ်းလှမ်းမှုတွေရှိလာနိုင်တယ်လို့ ပြောထားပါတယ်။

ဒီနှစ်ရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ဘာစီလိုနာက သူ့ကို လာမယ့်နွေရာသီမှာ ရနိုင်တဲ့အရာတွေအတွက် ရောင်းထုတ်ဖို့နဲ့  ရှုပ်ထွေးတဲ့အခြေအနေတွေအတွက် အလွယ်တကူ စဉ်းစားနိုင်နေပါတယ်။ ဒါ့အပြင် သူရဲ့ လစာကန့်သတ်ချက်ကို လျှော့ချရန် ဘာစီလိုနာက အလွန်စိတ်အားထက်သန် နေမှာဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဇာဗီ #လီဝန်ဒေါ့စကီး