ရှေ့သို့
Image

ဆွီဒင်ပရိသတ် ၂ ဦးကို သေစေခဲ့တဲ့ သေနတ်သမားကို ပစ်ခတ်ခဲ့တဲ့ ဘရက်ဆဲလ်ရဲတပ်ဖွဲ့

11:40 AM, 18 October

ဘရက်ဆဲလ်ရဲတပ်ဖွဲ့ဟာ ဆွီဒင်နိုင်ငံသား ၂ ဦးကို သေစေခဲ့တဲ့ သေနတ်သမားကို ပစ်ခတ်လိုက်တယ်လို့ သိရပါတယ်။

သတင်းတွေအရ အဆိုပါသေနတ်သမားဟာ အသက် ၄၅ နှစ်အရွယ် လာဆက်အမည်ရတဲ့သူဖြစ်တယ်လို့ သိရပြီး ကော်ဖီဆိုင်တစ်ခုမှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။ ထိတ်လန့်နေတဲ့ ပရိသတ်တွေကိုတော့ ကွင်းထဲမှာ မနက် ၄ နာရီမတိုင်ခင်အထိ ပိတ်ထားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဘယ်လ်ဂျီယံနဲ့ ဆွီဒင်တို့ပွဲစဉ်ကို ပထမပိုင်းမှာ ဖျက်သိမ်းခဲ့ရပြီး ကွင်းထဲမှာလည်း အဆင်မပြေမှုတွေရှိခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံအတွင်းဝန် ဒီခရိုကတော့ တိုက်ခိုက်မှုဟာ သူတို့နိုင်ငံသားကြောင့် ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတာလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

“ပြစ်မှုကျူးလွန်သူဟာ ဘရက်ဆဲလ်မှာရှိတဲ့ ဆွီဒင်ပရိသတ်တွေကို အဓိကပစ်မှတ်ထားခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် ဆွီဒင်ပရိသတ် ၂ ဦးသေဆုံးခဲ့ပါတယ်။ တတိယတစ်ဦးကတော့ ဒဏ်ရာတွေကြောင့် ပြန်လည်ကုသမှုခံယူနေရပါတယ်”လို့ ဒီခရိုက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

သတင်းတွေအရ ကွင်းထဲကို တက်ရောက်ခဲ့တဲ့သူတွေကို စုံစမ်းစစ်ဆေးဖို့ ပြင်ဆင်နေပြီး ဘာကြောင့် ဝင်ခွင့်ပြုခဲ့တာလဲဆိုတာရယ် ဘာကြောင့် ကွင်းဖွင့်တာလဲဆိုတာရယ်ကို စုံစမ်းစစ်ဆေးဖွယ်ရှိနေပါတယ်။

စတာဒီရင်းစ်နည်းပြ ဝဲလ်စတေးတစ်ယောက်တည်း အဆိုပါကွင်းတွင်းပိတ်မိမှုမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့ ကွင်းထဲမှာ ပိတ်မိနေခဲ့သလို ဘယ်သူမှလည်း ထွက်ခွာလို့မရပါဘူး။ အဲ့တာက လူတိုင်းအတွက် ခွဲခြားဖို့ ခက်ခဲခဲ့ပါတယ်”လို့ သူက ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ လုံခြုံရေးအသင်းက ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဘယ်လ်ဂျီယံက ဝင်ခွင့်ရရှိပြီးသားပါ။ ကျွန်တော်တို့မှာ ဥရောပဝင်ခွင့်ရဖို့ အခွင့်အရေးမရှိပါဘူး။ ဒါကြောင့် ကစားရဖို့ အကြောင်းမရှိဘူးလို့ မြင်ပါတယ်”လို့ လင်ဒီလော့ဖ်က ပြောကြားခဲ့ပါတယ်။

ဆွီဒင်နည်းပြ အန်ဒါဆန်ကလည်း သူ့ကစားသမားတွေဟာ ပွဲကိုဖျက်သိမ်းဖို့တောင်းဆိုခဲ့ကြတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ပထမပိုင်းအပြီး သူတို့ဝင်လာချိန်မှာ ကျွန်တော်ဒီသတင်းကိုရခဲ့တာပါ။ ချက်ချင်းဆိုသလို အဲ့တာက အစစ်အမှန်မဟုတ်ဘူးဆိုတာ ခံစားခဲ့ရပါတယ်။ ဘယ်လိုကမ္ဘာမျိုးမှာ ကျွန်တော်တို့ နေနေတာလဲ။ ကျွန်တော် အဝတ်လဲခန်းထဲ ရောက်လာချိန်မှာ အသင်းက စကားစပြောပါတယ်။ သူတို့က ဒီလိုမျိုး လေးစားမှု နဲ့ မိသားစုကို စော်ကားတဲ့ကစားပွဲမျိုး မကစားချင်ဘူးလို့ပြောပါတယ်”လို့ အန်ဒါဆန်က ပြောကြားခဲ့ပါတယ်။

#ဆွီဒင် #ဘယ်လ်ဂျီယံ