ရှေ့သို့
Image

ဘော့စနီးယားကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့ နှစ်ချို့ဝိုင်ကြီး ရော်နယ်ဒို

9:57 AM, 17 October

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယမန်နေ့ညက ဘော့စနီးယားကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့ပြန်ပါတယ်။

ဘော်လွန်းဒီအော်ငါးကြိမ်ရ ကစားသမားဟာ ပွဲအစ မိနစ်၂၀အတွင်းမှာတင် ပေါ်တူဂီအတွက် သွင်းဂိုးနှစ်ဂိုး သွင်းယူပေးခဲ့တာပါ။ ပွဲအစ၅မိနစ်မှာတင် ပင်နယ်တီကန်ခွင့်ရခဲ့ပြီး ရော်နယ်ဒိုက ပြိုင်ပွဲစုံ အကြိမ်၁၆၀မြောက် အောင်မြင်တဲ့ပင်နယ်တီ ကန်သွင်းမှုအဖြစ် သွင်းယူသွားခဲ့ပါတယ်။

ပေါ်တူဂီသားကြီးဟာ ခြေစစ်ပွဲစဉ်တွေ အတွင်း ၇ပွဲ ကစားရာမှာ ၉ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပြီး လူကာကူတစ်ဦးသာ ဒီစံချိန်ကို လိုက်မီခဲ့ပါတယ်။ အလားတူ ၃၈နှစ်သားဟာ ၂၀၂၃ခုနှစ်အတွင်း ဟာလန်းနဲ့ အမ်ဘာပေတို့ရဲ့ သွင်းဂိုးအရေအတွက်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

မန်စီးတီး တိုက်စစ်မှူးဟာ ယခုနှစ်အတွင်း ၃၉ဂိုး သွင်းယူထားချိန် အမ်ဘာပေက ၃၅ဂိုးသွင်းယူထားခဲ့ပါတယ်။ ပေါ်တူဂီအသင်းကတော့ အဆိုပါပွဲစဉ်အတွင်း ငါးဂိုးပြတ်အနိုင်ရကာ ၈ပွဲဆက် နိုင်ပွဲနဲ့အတူ ၁၀၀%ခြေစစ်ပွဲအောင်မြင်သွားခဲ့ပါတယ်။

#ပေါ်တူဂီ #ရော်နယ်ဒို #ဘော့စနီးယား