ရှေ့သို့
Image

ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပြီးနောက် နောက်လမတိုင်ခင်အထိ နားရတော့မယ့် လီဗီယာ

9:01 AM, 17 October

ချဲလ်ဆီးစတား လီဗီယာတစ်ယောက် ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပြီးနောက် နောက်လမတိုင်ခင်အထိ နားရတော့မယ်လို့ သိရပါတယ်။

လီဗီယာဟာ နွေရာသီတုန်းက ချဲလ်ဆီးအသင်းထံ ပေါင် ၅၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် ဒဏ်ရာ အခြေအနေကြောင့် ပွဲထွက်ခွင့်ရဖို့ စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက ခြေကျင်းဝတ်ဒဏ်ရာကြောင့် အကာအကွယ်ဝတ်ခဲ့ရပေမယ့် အခုချိန်မှာတော့ အကာအကွယ်ချွတ်ခဲ့ရပြီဖြစ်ကာ ပြန်လည်ကြံ့ခိုင်ဖို့တော့ လုပ်ဆောင်စရာတွေကျန်နေသေးတာဖြစ်ပါတယ်။

ပွဲထွက်ခွင့်အတွက် အသင့်ဖြစ်ဖို့ အချိန်နောက်ကျဦးမှာဖြစ်ပေမယ့် နိုဝင်ဘာမှာ ပြန်လာနိုင်ဖို့တော့ များနေပါတယ်။  ပိုချက်တီနိုကလည်း လီဗီယာတစ်ယောက် ဒဏ်ရာရရှိနေဆဲဖြစ်တယ်လို့  အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

“သူဘယ်ချိန်ပြန်လာမလဲဆိုတာ ကျွန်တော် မပြောနိုင်သေးပါဘူး။ ဒါပေမယ့် သူမပြေးနိုင်သေးပါဘူး။ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာလည်း ပြန်လာနိုင်လောက်မထင်ပါဘူး”လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး တိုက်စစ်မှူး ဂျက်ဆင်ပြန်လည်ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ချဲလ်ဆီး အသင်းမှာ ဒဏ်ရာရ ကစားသမားတွေများပြားနေပြီး ဒီဆာဆီ ၊ ပယ်လ်မာတို့အပြင် ဂျက်ဆင်ကလည်း နိုင်ငံအသင်းနဲ့ပူးပေါင်းစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

#ချဲလ်ဆီး #ပရီးမီးယားလိဂ် #လီဗီယာ