ရှေ့သို့
Image

ဟာလန်းကို ဘယ်လိုထိန်းချုပ်ခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ကာဗာဂျယ်

8:49 AM, 17 October

တနင်္ဂနွေနေ့ညတုန်းက ကစားခဲ့တဲ့ နော်ဝေနဲ့ပွဲမှာ သူတို့ရဲ့တိုက်စစ်မှူး ဟာလန်းကို စပိန်အသင်း အနေနဲ့ ဘယ်လိုထိန်းချုပ်ခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒုတိယပိုင်းအစမှာ ဂါဗီရဲ့သွင်းဂိုးကြောင့် စပိန်အသင်းဟာ ဂျာမနီမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ဝင်ခွင့်အတွက် သေချာသွားခဲ့ပါတယ်။ ဧည့်သည်အသင်းရဲ့ပုံစံကောင်းကြောင့် နော်ဝေအသင်းစတားတွေဖြစ်တဲ့ ဟာလန်းနဲ့ အိုဒီဂတ်တို့ အခွင့်အရေးဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

“ကျွန်တော်တို့ ဒီကို အနိုင်ကန်ဖို့ လာခဲ့တာပါ။ ကျွန်တော်တို့ ပြီးပြည့်စုံတဲ့ပွဲတစ်ပွဲကို ကစားခဲ့ပါတယ်။ သူတို့ကို ဘယ်လိုအခွင့်အရေးမျိုးမှာ မပေးရအောင် စီစဉ်လာခဲ့ပါတယ်။ ယူရိုလက်မှတ်နဲ့ အိမ်ပြန်ရတာက တကယ်ပျော်ဖို့ကောင်းပါတယ်။ ခံစစ်ပိုင်းကလည်း အူနိုင်းဆိုင်မွန်ကအစ မိုရာတာ အဆုံးအကုန်ကောင်းခဲ့ပါတယ်။ သူတို့ကို ဘယ်လိုသက်တောင့်သက်သာဖြစ်စေတဲ့ ဘောလုံးမျိုးမှ မပေးပါဘူး။ ကျွန်တော်တို့နောက်တန်း ကစားသမားတွေကိုလည်း ချီးကျူးရမှာပါ”လို့ ကာဗာဂျယ်က ပြောကြားခဲ့ပါတယ်။

စပိန်အသင်းဟာ အုပ်စုကျပ်ထဲကနေ သက်တောင့်သက်သာယူရို ၂၀၂၄ ဝင်ခွင့်ရခဲ့တာကြောင့် ဝမ်းသာနေပါတယ်။ နော်ဝေမှာ အရည်အချင်းပြည့်ဝတဲ့ကစားသမားတွေရှိနေပေမယ့် ခြေစစ်ပွဲကန်ဖို့အတွက် အခြားအသင်းတွေရဲ့ရလဒ်ကို စောင့်ဆိုင်ရဖွယ်ရှိနေပါတယ်။

ညာနောက်ခံကစားသမားဟာ စပိန်အသင်းထံကနေ မက်ဒရစ်ကိုပြန်ရဖွယ်ရှိနေပြီး ဆီဗီလာ ၊ ဘရာဂါ ၊ဘာစီလိုနာတို့နဲ့ အဝေးကွင်း ၃ ပွဲဆက်ကန်ရမှာဖြစ်ပါတယ်။

#နော်ဝေ #ဟာလန်း #ကာဗာဂျယ်