ရှေ့သို့
Image

နော်ဝေနဲ့ ပွဲစဉ်မှာ အဖိုးတန်အနိုင်ဂိုးသွင်းကာ စပိန်အသင်းကို ယူရိုပြိုင်ပွဲ အရောက်ပို့ပေးနိုင်ခဲ့တဲ့ ဘာစီလိုနာစတား ဂါဗီ

1:22 PM, 16 October

နော်ဝေလက်ရွေးစင်အသင်းနဲ့ စပိန်လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအကြို ခြေစစ်ပွဲစဉ် အတွင်း စပိန်အသင်းက ၀ဂိုး - ၁ဂိုး ရလဒ်ဖြင့် စူပါးစတား ဟာလန်းရဲ့ နော်ဝေအသင်းကို လာမာစီယာအကယ်ဒမီထွက် ကွင်းလယ်ကစားသမား ဂါဗီရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးနဲ့အတူ အနိုင်ကစားနိုင်ခဲ့ကာ ယူရို ၂၀၂၄ ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်လက်မှတ် ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

နော်ဝေအသင်းက ယူရို ၂၀၂၄ ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရရေးအတွက် အကောင်းဆုံး ပြင်ဆင်ကာ ပွဲထွက်လာခဲ့ပေမဲ့ အဓိက တိုက်စစ်မှုး ဟာလန်းကို ပြိုင်ဘက်နောက်တန်း ကစားသမားတွေရဲ့ တည်တည်ငြိမ်ငြိမ်ထိန်းချုပ်ကစားပုံ ကောင်းမွန်နေတာကြောင့် သွင်းဂိုးရရန် ခက်ခဲနေခဲ့တာ ဖြစ်ပါတယ်။ ပွဲစဉ်ရဲ့ ရလဒ်အပေါ် အပြောင်းအလဲဖြစ်စေမယ့် သွင်းဂိုးကို စပိန်အသင်းရဲ့ ကွင်းလယ်ကစားသမား တစ်ဦးဖြစ်တဲ့ ဂါဗီက သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး အဆိုပါသွင်းဂိုးနဲ့အတူ စပိန်အသင်းက အနိုင်ရခဲ့သလို အုပ်စုတွင်း ပြိုင်ဘက် စကော့တလန်အသင်းနဲ့အတူ ယူရို ၂၀၂၄ ပြိုင်ပွဲအတွင်း ဝင်ရောက်ကစားခွင့်အတွက် အခွင့်အရေးကို ဆုပ်ကိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စပိန်အသင်းအနေဖြင့် နော်ဝေအသင်းကို အနိုင်ကစားနိုင်ခဲ့တာကြောင့် ရမှတ် ၃ မှတ်ပြည့်ရခဲ့ကာ စကော့တလန်အသင်းနဲ့ အတူ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်ရောက်ကစားခွင့်အတွက် ခြေစစ်ပွဲအောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ နာမည်ကျော်ကစားသမား အစုအဖွဲ့ကို ပုံဖော်ထားတဲ့ စပိန်အသင်းအတွက် အဖိုးတန် သွင်းဂိုး ရယူပေးနိုင်ခဲ့တဲ့ ဂါဗီအနေဖြင့် ဘာစီလိုနာ အသင်းတွင်လည်း ကြံ့ခိုင်မှုအပိုင်းမှာ အနည်းငယ်ရုန်းကန်နေရပေမဲ့ အဓိက ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြထားနိုင်တာပဲ ဖြစ်ပါတယ်။
#ဘာစီလိုနာ #ဂါဗီ #နော်ဝေ #စပိန် ယူရို၂၀၂၄ခြေစစ်ပွဲ