ရှေ့သို့
Image

တိုက်စစ်ပိုင်းအတွက် တိုနေးအပြင် အက်စ်တွန်ဗီလာစတား ဝက်ကင်းစ်ကိုပါ ချိန်ရွယ်လာတဲ့ အာဆင်နယ်

11:06 AM, 16 October

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် စိန်ခေါ်ခွင့်ရနိုင်ရန် ပြင်ဆင်မှုတွေလုပ်ဆောင်နေတဲ့ နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းက မန်စီးတီးအသင်းကို အနိုင်ရကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပြီးမှာ တိုက်စစ်ပိုင်းအတွက် ထပ်မံအားဖြည့်ရန် စိတ်အားထက်သန်နေပြီး အက်စ်တွန်ဗီလာမှာ ခြေစွမ်းပြနေတဲ့ ဝက်ကင်းစ်ကို ခေါ်ယူရန် စိတ်ဝင်စားလာတာပဲ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းက တိုက်စစ်ပိုင်းအတွက် ဇန်နဝါရီတွင် ခေါ်ယူရန် ဘရန့်ဖို့ဒ် တိုက်စစ်ကစားသမား တိုနေးကို ကနဦးဖြစ်မှတ်ထားတာ ဖြစ်ပေမဲ့ အပြောင်းအရွှေ့မဖော်ဆောင်နိုင်ခဲ့ပါက အက်စ်တွန်ဗီလာ အသင်းနဲ့အတူ ခြေစွမ်းပြ ကစားနေတဲ့ ဝက်ကင်းကို ခေါ်ယူရန် ချိန်ရွယ်လာတာ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်အသင်းမှာ အနာဂတ်မရေမရာဖြစ်နေတဲ့ အိုင်ဗန်တိုနေး အနေဖြင့် ကလပ်အသင်း ပြောင်းရွှေ့ရန် စိတ်အားသန်နေသလို ၈လ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရပေမဲ့ ပရီးမီးယားလိဂ် ထိပ်တန်းကလပ်အသင်းအချို့က ခေါ်ယူရန် စိတ်ဝင်စားနေကြတာလည်း ဖြစ်ပါတယ်။

နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းက ယခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပုံစံကောင်းပြသထားသလို အမှတ်ပေးဇယားအဆင့် ၂ နေရာအထိပါ တက်လှမ်းလာနိုင်ခဲ့တာကြောင့် ရာသီကုန်မှာ ချန်ပီယံဆုအား စိန်ခေါ်ခွင့်ရရေးအတွက် အားစိုက်လုပ်ဆောင်နေတာဖြစ်ပြီး  ပြစ်ဒဏ်က လွတ်မြောက်လာမယ့် အသက် ၂၇ နှစ်အရွယ် တိုနေးနဲ့ ဝက်ကင်းတို့ထဲမှ တစ်ဦးအား ဇန်နဝါရီတွင် ခေါ်ယူနိုင်ခဲ့ပါက တိုက်စစ်ပိုင်းအတွက် လူစာရင်းပိုမိုတောင့်တင်းလာနိုင်တာပဲ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်လာတဲ့ ဝက်ကင်း အနေဖြင့် ယခုအချိန်မှာ နိုင်ငံလက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေတာဖြစ်ပြီး ယခုနှစ်ဘောလုံးရာသီမှာ အက်စ်တွန်ဗီလာအသင်းအတွက် သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်းတီးမှု ၄ ကြိမ် ပြုလုပ်နိုင်တာကြောင့် ကလပ်အသင်းအကြီးအချို့က စိတ်ဝင်စားမှု ပြသလာကြတာပဲ ဖြစ်ပါတယ်။

#အာဆင်နယ် #အက်စတွန်ဗီလာ #အပြောင်းအရွှေ့ #ဝက်ကင်းစ် #တိုနေး