ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်ရှိ ဘယ်လင်ဂမ်ရဲ့‌ အောင်မြင်မှုတွေကို အထင်ကြီးမိပါတယ်လို့ ဝန်ခံလိုက်တဲ့ ဘာစီလိုနာ နောက်တန်းကစားသမား ခရစ္စတီယန်ဆန်

9:26 AM, 16 October

ဘယ်လင်ဂမ်ဟာ နွေရာသီ အပြောင်းအရွှေ့တွင် ဒေါ့မွန်မှ မက်ဒရစ်သို့ ရောက်ရှိလာခဲ့ပြီး အသင်းနှင့် လျှင်မြန်စွာ အသားကျလာခဲ့ကာ လာလီဂါနှင့် ချန်ပီယံလိဂ်ရှိ ပထမဆုံး ၁၀ ပွဲတွင် ၁၀ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အသက် ၂၀ အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ယခုလနှောင်းပိုင်းမှာကစားမယ့် အယ်လ်ကလက်စီကိုပွဲစဉ်တွင် သူ့ရဲ့ကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် ဘာစီလိုနာအသင်းနှင့် ရင်ဆိုင်ရမှာဖြစ်ပြီး ခရစ္စတီယန်ဆန်က ထိပ်တိုက်တွေ့ဆုံရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ကြောင်း ဝန်ခံခဲ့ပါတယ်။

ဒိန်းမတ်အသင်းနှင့် အတူရှိနေစဉ် ခရစ္စတီယန်ဆန်က "သူရဲ့ ရလဒ်တွေကို ကြည့်တဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။ နောက်ဆုံးကစားခဲ့တဲ့ ပွဲအနည်းငယ်မှာတောင် သူက ဂိုးသွင်းထားပါတယ်။ ဘယ်နှစ်ပွဲကစားပြီးပြီလဲဆိုတာ ကျွန်တော်သေချာတော့ မသိပါဘူး။ ရီးရဲလ်မက်ဒရစ်က တကယ်ကောင်းတဲ့ ကစားသမားကို ခေါ်ယူခဲ့တာပါ"လို့ ပြောပါတယ်။

ဘယ်လင်ဂမ်ဟာ အန်ဆယ်လော့တီရဲ့အသင်းကို အောက်တိုဘာလ နိုင်ငံတကာပွဲစဉ်များမတိုင်မီ လာလီဂါတွင် ပထမနေရာရရှိအောင် ကူညီပေးခဲ့ပြီး လက်ရှိချန်ပီယံဖြစ်တဲ့ ခရစ္စတီယန်ဆန်ရဲ့ ဘာစီလိုနာထက် ၂ မှတ်အသာဖြင့် ရပ်တည်နေတာဖြစ်ပါတယ်။ မကြာသေးမီနှစ်များအတွင်း ကလပ်ရဲ့ဘဏ္ဍာရေးအခက်အခဲကြောင့် ဘာစီလိုနာဟာ ဈေးနည်းပါတဲ့ ကစားသမားတွေကိုသာ ဈေးကွက်မျာခေါ်ယူခဲ့ရပြီး ရီးရဲလ်မက်ဒရစ်ကတော့ ကွင်းလယ်ကစားသမားအား ဘာနေဗျူးသို့ ခေါ်ဆောင်ရန် ကနဦး ယူရိုသန်း ၁၀၀ နှင့် အပိုဆုကြေးများကို ထည့်သွင်းကာ အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဘယ်လင်ဂမ်ဟာ သောကြာနေ့ညက သြစတြေးလျအား အနိုင်ရရှိတဲ့ပွဲမှာ အင်္ဂလန်အတွက် ပါဝင်ကစားခဲ့ခြင်းမရှိသော်လည်း အင်္ဂါနေ့ည ဝင်ဘာလေမှာ ကစားမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် အီတလီနဲ့ပွဲမှာ ပါဝင်ဖို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် ဘယ်လင်ဂမ်ဟာ ၂၀၂၃ ခုနှစ် Golden Boy ဆုရဲ့ ဆန်ကာတင် ၂၅ ဦးစာရင်းမှာ ရမ်မယ်၊ ဘလိတ်တို့နှင့်အတူ ပါဝင်နေပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ရီးရဲလ်မက်ဒရစ် #ခရစ္စတီယန်ဆန် #ဘယ်လင်ဂမ်