ရှေ့သို့
Image

အမေရိကန်ကို အနိုင်ရပြီးနောက် ဂျာမနီအသင်းရဲ့ဇွဲနပဲကြီးမှုအပေါ် ချီးကျူးပြောဆိုလိုက်တဲ့ နည်းပြနာဂယ်စ်မန်း

1:59 PM, 15 October

ဒီနေ့မနက်ပိုင်း၊ ကွန်နက်တီကတ်ပြည်နယ်၊ အရှေ့ဟတ်ဖို့ဒ်မြို့မှာ ယှဉ်ပြိုင်ကစားတဲ့ ခြေစမ်းပွဲစဉ်အတွင်း အမေရိကန်လက်ရွေးစင်အသင်းကို ဦးဆောင်ဂိုးခွင့်ပြုပေးလိုက်ရချိန်မှာ ဂျာမန်ီပရိသတ်တွေရဲ့စိတ်နှလုံးကို ဒုက္ခရောက်စေတဲ့ ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ဂျာမန်တွေက နောက်မှလိုက်ပြီး သုံးဂိုးပြန်သွင်းကာ အမေရိကန်လက်ရွေးစင်အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း နာဂယ်စ်မန်းကတော့ ဂျာမနီလက်ရွေးစင်အသင်းနည်းပြဘဝပွဲဦးထွက်မှာ မြင်တွေ့ခဲ့ရတဲ့ အရာတွေအတွက် ကျေနပ်အားရနေပါတယ်။


နာဂယ်စ်မန်းက “ပထမဆုံးအနေဖြင့် ဂုဏ်ပြုပါတယ်။ အထူးသဖြင့် လအနည်းငယ်ကြာခဲ့ပြီးနောက် ဦးဆောင်ဂိုးပေးလိုက်ရချိန်မှာ ပြန်လာနိုင်ခဲ့တဲ့ပုံစံနဲ့အတူ ကောင်လေးတွေကလည်း အကောင်းဆုံးကစားနိုင်ခဲ့လို့ ဖြစ်ပါတယ်။ ပထမပိုင်းပွဲချိန်တွေမှာ ကျွန်တော်တို့တွေ အခွင့်အရေးကောင်းတွေ မရရှိခဲ့သလို အမေရိကန်အသင်းရဲ့ခံစစ်ပိုင်းကိုလည်း ကောင်းကောင်းမထိုးဖောက်နိုင်ခဲ့ပါဘူး။ တစ်ဦးချင်းအနေဖြင့်လည်း သာမန်အမှားပုံစံလေးတွေ အနည်းငယ်ကျူးလွန်မိခဲ့ပါတယ်။ အဲ့ဒီအပိုင်းတွေမှာတော့ ကျွန်တော်တို့တွေ နည်းနည်းတိုးတက်ဖို့ ကျန်နေပါသေးတယ်။ တစ်ပွဲလုံးခြုံပြောရရင်တော့ ကျွန်တော်တို့ ကစားတာ အရမ်းကောင်းခဲ့ပါတယ်။ အဆုံးမှာတော့ ကျွန်တော်တို့တွေ အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်”လို့ ပြောပါတယ်။


ဒါ့အပြင် နာဂယ်စ်မန်းက ပွဲစတင်ချိန်ရုန်းကန်ခဲ့ရမှုတွေနဲ့ပတ်သက်လို့ အသင်းရဲ့စိတ်ရှည်မှုအပေါ် ချီးကျူးခဲ့ပြန်ပါတယ်။ “ပထမပိုင်းမှာ ကျွန်တော်တို့က ပွဲကို ခပ်မြန်မြန်ပဲဖြတ်ထားချင်ခဲ့တယ်လို့ ခံစားမိခဲ့ပါတယ်။ ကျွန်တော်တို့က အန္တရာယ်များတဲ့အခြေအနေတိုင်းမှာ ပွဲကိုကစားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့်ပဲ ဘောလုံးဆုံးရှုံးမှု များပြားလွန်းခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာလည်း ကျွန်တော်တို့တွေ လျှင်မြန်တဲ့အရှိန်အဟုန်နဲ့ ကစားခဲ့ပေမယ့် ပိုပြီးစိတ်ရှည်သည်းခံခဲ့ပါတယ်။ ဒါကပဲ ကွာခြားချက်တစ်ခုဖြစ်ခဲ့ပါတယ်”လို့ နာဂယ်စ်မန်းက ဆက်ပြောခဲ့ပါတယ်။ ဂျာမနီလက်ရွေးစင်အသင်းက လာမယ့်ဗုဒ္ဓဟူးနေ့မှာ မက္ကဆီကိုနဲ့ ခြေစမ်းပွဲစဉ် ယှဉ်ပြိုင်ကစားသွားရပါမယ်။

#ဂျာမနီ #နာဂယ်စ်မန်း #အမေရိကန်