ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်နှင့် ကစားမယ့်ပွဲအမီ ကြံ့ခိုင်မှု ပြည့်ဝဖို့ ကြိုးစားလုပ်ဆောင်နေတဲ့ ရာဖင်ဟာ

9:44 AM, 15 October

ဘာစီလိုနာတောင်ပံကစားသမား ရာဖင်ဟာဟာ ဆီဗီလာနှင့်ပွဲတွင် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် အယ်ကလက်စီကိုပွဲမတိုင်မီ ကြံ့ခိုင်မှုပြည့်ဝဖို့ ကြိုးစားလုပ်ဆောင်နေပါတယ်။ ဘရာဇီးတောင်ပံကစားသမားဟာ စက်တင်ဘာလ အစောပိုင်းက ဆီဗီလာကို ၁-၀ ဂိုးဖြင့်အနိုင်ရခဲ့တဲ့ပွဲမှာ ညာဘက်တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် ပွဲကစားချိန် ၃၇ မိနစ်မှာ လူစားလဲခဲ့ရတာပါ။


သူ့ကို သောကြာနေ့က လေ့ကျင့်ရေးကွင်းမှာတွေ့ခဲ့ရပေမယ့် ဒဏ်ရာနဲ့ကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်မလားဆိုတဲ့အပေါ် ဖိအားတွေရှိနေတာဖြစ်ပါတယ်။ "ကျွန်တော် မသိသေးပါဘူး။ အဲ့ဒီပွဲမှာ ပါဝင်ကစားချင်ပါတယ်" လို့ ရာဖင်ဟာက Sport သို့ပြောကြားခဲ့ပါတယ်။


ဘာစီလိုနာဟာ လက်ရှိတွင် ဒဏ်ရာပြဿနာများနှင့် ကြုံတွေ့နေရပြီး ရောဘတ်လီဝန်ဒေါစကီး၊ ဂျူလက်စ်ကွန်ဒီ၊ အလက်ဂျန်ဒရို ဘယ်လ်ဒီ၊ ပက်ဒရီနှင့် ဖရန်ကီဒီဂျောင်တို့ကလည်း ဒဏ်ရာရရှိနေတာဖြစ်ပါတယ်။ သို့သော်လည်း ဘယ်လ်ဒီ နှင့် ပက်ဒရီတို့ဟာ အောက်တိုဘာလ ၂၈ ရက်နေ့မှာကစားမယ့် လက်ရှိရာသီရဲ့ပထမဆုံး ကလက်စီကိုပွဲ မတိုင်မီ သက်ဆိုင်ရာဒဏ်ရာတွေက သက်သာလာမယ်လို့ ထင်ရပါတယ်။


ရီးရဲလ်မက်ဒရစ်နှင့် အိမ်ကွင်းမှာကစားမယ့်ပွဲမတိုင်မီ ဘာစီလိုနာဟာ လာလီဂါနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲများအဖြစ် အက်သလက်တစ်ကလပ်၊ ရှက်တာဒိုးနက်တို့နှင့် အောက်တိုဘာ ၂၂ ရက်နှင့် ၂၅ ရက်တို့တွင် အသီးသီးယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ရီးရဲလ်မက်ဒရစ် #ရာဖင်ဟာ