ရှေ့သို့
Image

ပေါက်ပေါက်ဘူးဖြင့် ပစ်ပေါက်ခြင်းခံခဲ့ရပြီးနောက် ခံစားချက်ကို ဖွင့်ဟလာတဲ့ နေမာ

9:37 AM, 15 October

ကမ္ဘာ့ဖလားခြေစစ်ပွဲအတွင်း ပွဲအပြီး ဥမင်သို့ ဝင်ရောက်လာခဲ့တဲ့ ဘရာဇီးတိုက်စစ်မှုးကို ပရိသတ်တစ်ဦးက ပေါက်ပေါက်ဘူးဖြင့် ပစ်ပေါက်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့ပါတယ်။ နေမာဟာ ဘရာဇီးအသင်းဖော်များနဲ့အတူ ဥမင်ထဲ့သို့မဝင်မီ ဒေါသထွက်နေတဲ့ ပရိသတ်အုပ်စုနဲ့ ထိပ်တိုက်တွေ့ခဲ့တာဖြစ်ပါတယ်။


"ပစ်လိုက်တာဟာက ဘာလဲဆိုတာတောင် သေချာ မမြင်ခဲ့ရပေမယ့် ထိသွားတဲ့အခါ စိတ်တွေ တုန်လှုပ်သွားတယ်" လို့ နေမာက TNT Sports Brazil ကို ပြောပါတယ်။ "ဒီလို သဘောထားမျိုးကို ကျွန်တော် ရှုတ်ချပါတယ် ဒီလိုမျိုးက မလုပ်သင့်ပါဘူး၊ ဒါဟာ ဘောလုံးနဲ့ လူသားတွေအတွက် ဆိုးရွားပါတယ်"


'ဒီလိုမျိုးလုပ်တဲ့သူဟာ ပညာတတ်တစ်ယောက်မဟုတ်သလို ကလေးကို အတတ်နိုင်ဆုံး အကောင်းဆုံး သင်ကြားပေးနိုင်မှာ မဟုတ်ပါဘူး။ သူအရမ်း လုပ်ချင်နေတယ်ဆိုရင် ကျွန်တော့်အစား ပိုကောင်းအောင် လေ့ကျင့်ထားပြီး ကွင်းထဲမှာ သူကိုယ်တိုင် လုပ်သင့်ပါတယ်။ ကျွန်တော်တို့ ကွင်းထဲမှာ အကောင်းဆုံး ပေးဆပ်နေခဲ့တာ ထင်ရှားပါတယ်။ ရလဒ်တွေက ပရိသတ်တွေ မျှော်လင့်ထားသလို အကြိမ်များစွာ ထွက်ပေါ်နေမှာ မဟုတ်ပါဘူး"


"ကျွန်တော်က အားလပ်ရက်အတွက် ဒီကိုလာတာ မဟုတ်ဘူး။ အေးအေးဆေးဆေး လမ်းလျှောက်နေပြီး ဘောလုံးကစားဖို့ နဲ့ ကိုယ့်နိုင်ငံကို ကိုယ်စားပြုဖို့ ကျွန်တော် အနှစ်သက်ဆုံး အရာကိုလုပ်ဖို့ လာခဲ့တာပါ" လို့ နေမာက ပြောပါတယ်။ ဘရာဇီးအသင်းဟာ လာမယ့်အင်္ဂါနေ့ညနေမှာ ဥရုဂွေးအသင်းနဲ့ ခြေစစ်ပွဲအောင်မြင်ဖို့ ခက်ခဲတဲ့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ နေမာဟာ နွေရာသီမှာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်သို့ ပေါင် ၈၆ သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး ဘရာဇီးအတွက် ကိုယ်စားပြု ကစားနေတုန်းဖြစ်ပါတယ်။

#ဘရာဇီး #ကမ္ဘာ့ဖလားခြေစစ်ပွဲ #နေမာ