ရှေ့သို့
Image

ကစားသမား ၂ ဦးကြောင့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လွဲချော်ဦးမယ်လို့ ဂယ်ရီနဗီးလ် ယုံကြည်နေ

9:20 AM, 15 October

ယူနိုက်တက်ဂန္ထဝင်ဟောင်း ဂယ်ရီနဗီးလ်က အာဆင်နယ်ဟာ ကစားသမား ၂ ဦးကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို နောက်တစ်ကြိမ်လွဲချော်နိုင်တယ်လို့ ယုံကြည်နေပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက မန်စီးတီးက မကျော်ဖြတ်ခင် အမှတ်ပေးဇယားကို ထိပ်ဆုံးက ဦးဆောင်နေတာဖြစ်ပါတယ်။


ပြီးခဲ့တဲ့နှစ်ကအတိုင်း နဗီးလ်က ဖလား ၃ လုံးချန်ပီယံဖြစ်တဲ့ စီးတီးကပဲ နောက်တစ်ကြိမ်ရယူနိုင်လိမ့်မယ်လို့ ထောက်ခံခဲ့ပါတယ်။ ယူနိုက်တက်ဂန္ထဝင်က အာဆင်နယ်အသင်းနဲ့ပတ်သက်ပြီး နောက်တစ်ကြိမ် သံသာတွေကို အခုလိုပြောကြားခဲ့ပါတာ်။


အာတီတာရဲ့အသင်းဟာ ၈ ပွဲကစားပြီးချိန်မှာ တော့တင်ဟမ်အသင်းနဲ့အမှတ်တူအနေအထားနဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမယ့် နဗီးလ်က အာဆင်နယ်အသင်းရဲ့တိုက်စစ်ပိုင်းကို စိုးရိမ်နေတာဖြစ်ပါတယ်။ “အန်ကီတီးယား နဲ့ ဂျီးဆပ်စ်တို့နဲ့ဆို အဆင်မပြေပါဘူး။ ဒါပေမယ့် အရည်အချင်းပြည့်မီရင်တော့ အာဆင်နယ်က ချန်ပီယံဖြစ်နိုင်ပါတယ်။ကျွန်တော့်သံသယကိုပြောရမယ်ဆိုရင် တိုက်စစ်ပိုင်းမှာ ဟာလန်း ဒါမှမဟုတ် ဟယ်ရီကိန်းတို့ရှိမယ်ဆိုရင် အာဆင်နယ်က ချန်ပီယံဖြစ်နိုင်ပါတယ်။"


"ဆာလီဘာ ၊ ဂါဘရီရယ် နဲ့ ရိုက်စ်တို့ကြံ့ခိုင်မှုပြည့်ဝမယ်ဆိုရင် အာဆင်နယ်က ချန်ပီယံဖြစ်နိုင်ပါတယ်။ အရိုးသားဆုံးဝန်ခံရရင် အန်ကီတီးယား နဲ့ ဂျီးဆပ်စ်တို့ကို စိုးရိမ်မိပါတယ်။ သူတို့က အပြောင်းအလဲမြန်ပါတယ်။ သူတို့က သာမန်ဂိုးသွင်းနိုင်တဲ့သူတွေမဟုတ်ပါဘူး။ ပြီးတော့ သူတို့က ဂိုးသွင်းဖို့လည်း မပြေးနိုင်ပါဘူး။ သူတို့က နောက်ပြန်ပြေးတဲ့သူတွေဖြစ်ပြီး ကစားသမားတွေကို ဘယ်တော့မှမကျော်ဖြတ်ပါဘူး။"


"ကျွန်တော် ဂျီးဆပ်စ်ကိုကြည့်ဖြစ်ပါတယ်။ သူက ဂိုးရှေ့မှာ အတော်လေးအပြောင်းအလဲမြန်ပါတယ်။ အလုပ်အတွက်တော့ သူတို့ ၂ ဦးစလုံးတကယ်ကောင်းကြပါတယ်။ ကျွန်တော် ဒီနေရာမှာမေးခွန်းထုတ်ချင်တာက ဒီအဆင့်အတန်းနဲ့ သူတို့နောက်ထပ်တိုက်စစ်မှူးမရှိပဲ ဆုဖလားရနိုင်မလားဆိုတာပါပဲ”လို့ နဗီးလ်က ပြောကြားခဲ့ပါတယ်။


အာတီတာဟာ တိုက်စစ်ပိုင်းမှာ အန်ကီတီးယား နဲ့ ဂျီးဆပ်စ်တို့ ၁ ဦးဦးကို ရွေးချယ်လေ့ရှိတာဖြစ်ပါတယ်။ ဒါပေမယ့် ၂ ဦးစလုံးမှာ အသင်းရဲ့ဒဏ်ရာပြဿနာတွေကြောင့် ပြီးခဲ့တဲ့ပရီးမီးယားလိဂ်နောက်ဆုံး ၃ ပွဲမှာ အတူတူပါဝင်ခဲ့ကြပါတယ်။ ဂျီးဆပ်စ်ဟာ ဒီရာသီ ၉ ပွဲမှာ ၃ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ အန်ကီတီးယားကတော့ ပြီးခဲ့ဲတဲ့ရာသီတုန်းက ၉ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒီရာသီမှာတော့ ၂ ဂိုးသွင်းယူထားနိုင်ပါတယ်။

#အာဆင်နယ် #ဂယ်ရီနဗီးလ် #အန်ကီတီယာ #ပရီးမီးယားလိဂ်