ရှေ့သို့
Image

ယူနိုက်တက်အသင်းရဲ့ရှယ်ယာ၂၅%ကို ဝယ်ယူဖို့ အသင့်ဖြစ်နေတဲ့ ဆာဂျင်မ်ရက်ကလစ်ဖ်

9:12 AM, 15 October

ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ နိုက်စ်အသင်းပိုင်ရှင် ဆာဂျင်မ်ရက်လစ်ဖ်ဟာ ယူနိုက်တက်ရဲ့ ရှယ်ယာ၂၅%ကို ဝယ်ယူဖို့ အသင့်ဖြစ်နေကြောင်း သိရပါတယ်။

ဒီသတင်းဟာ ယူနိုက်တက်ကို ဝယ်ယူရေး ကြိုးပမ်းမှုကနေ ရှိတ်ဂျာဆင်က နှုတ်ထွက်ခဲ့ပြီးနော်က ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်ဘီလျံနာဟာ နိုက်စ်နဲ့ လော်ဆန်နီအသင်းတွေကို ပိုင်ဆိုင်ခဲ့ပြီးနောက် ယူနိုက်တက်ရဲ့ ရှယ်ယာတွေကိုလည်း စတင်ဝယ်ယူဖို့ ကြိုးပမ်းလာတာပါ။ 

ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ရဲ့ ရှယ်ယာ၂၅%ကို ဝယ်ယူပြီးရင် အသင်းရဲ့ အားကစားဆိုင်ရာ အဆောက်အဦးတွေ၊ ဆုံးဖြတ်ချက်ချမှတ်မှုတွေမှာ ပါဝင်လိုနေပါတယ်။

ရက်လစ်ဖ်ရဲ့Company INEOSကတော့ ယူနိုက်တက်ရဲ့ ရှယ်ယာ၂၅%ကို ဝယ်ယူပြီးရင် အနာဂတ်မှာ တစ်သင်းလုံးကို ဝယ်ယူဖို့ ရည်မှန်းထားကြောင်း ထုတ်ပြောထားခဲ့ပါတယ်။

ရက်ကလစ်ဖ်ဟာ ယခင်ကလည်း ယူနိုက်တက်ကို အလုံးစုံဝယ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်း မရှိပါဘူး။

ရက်ကလစ်ဖ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံမလားဆိုတဲ့အပေါ် ဂလေဇာမိသားစုနဲ့ ယူနိုက်တက်ဘုတ်အဖွဲ့က လာမယ့်ရက်ပိုင်းအတွင်း မဲပေးကာ ဆုံးဖြတ်သွားဖို့ ရှိဗနပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂလေဇာ #ဆာဂျင်မ်ရက်ကလစ်ဖ် #ရှိတ်ဂျာဆင်