ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုကိုလက်မခံခင် မန်စီးတီးကို အရင်ငြင်းခဲ့သေးတဲ့ ဘယ်လင်ဂမ်

11:07 AM, 14 October

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အိုဆာဆူနာအသင်းတို့ ကစားတဲ့ လာလီဂါပွဲစဉ် (၈) ရဲ့ ပွဲစဉ်အတွင်းရီးရဲလ်မက်ဒရစ်အသင်းက ၄ဂိုး - ၀ဂိုး ရလဒ်ဖြင့် အနိုင်ကစားနိုင်ခဲ့ပြီးမက်ဒရစ်အခြေစိုက်ကလပ်အသင်း အတွက် သွင်းဂိုး ၂ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ ဘယ်လင်ဂမ်က ရီးရဲလ်မက်ဒရစ်အသင်းကို မပြောင်းရွှေ့မီ ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီး အသင်းကိုငြင်းပယ်ခဲ့သေးတာပဲ ဖြစ်ပါတယ်။

နည်းပြ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလအတွင်း ရွှေဘောလုံးဆုရှင် ဘန်ဇီးမားအပါအဝင် ထိပ်တန်းကစားသမားအချို့အားရောင်းချအပြီးမှာထပ်မံအားဖြည့်မှုအနေဖြင့် ခေါ်ယူထားခဲ့တဲ့ ကစားသမားတွေအထဲမှ ဘယ်လင်ဂမ်က အထူးခြေစွမ်းပြနိုင်ခဲ့ပြီးဘယ်လင်ဂမ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပက်သက်ပြီး ဘောလုံးသုံးသပ်သူ အများစုကချီးကျူးနေကြတာပဲဖြစ်ပါတယ်။

လာလီဂါ ချန်ပီယံဆုအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်းမှာအောင်မြင်မှုရရေးအတွက် ပြင်ဆင်လုပ်ဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းကမိုဒရစ်၊ တိုနီခရူးစ်တို့နေရာအတွက် အားဖြည့်မှုပြုလုပ်တဲ့အနေဖြင့် ဒေါ့မွန်အသင်းနဲ့အတူခြေစွမ်းပြကစားနေတဲ့ အသက် ၂၀နှစ်အရွယ် ဘယ်လင်ဂမ်ကိုပြောင်းရွှေ့ကြေးယူရိုသန်း ၁၀၀ ကျော်ဖြင့် တန်ကြေးမြင့်မားစွာပေးချေခေါ်ယူထားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါပွဲစဉ် ၉ ပွဲသာ ကစားပြီးချိန်တွင် သွင်းဂိုး၈ဂိုးအထိ သွင်းယူနိုင်ခဲ့သလို မက်ဒရစ်ကလပ်အတွက် ချန်ပီယံလိဂ် ပွဲစဉ်တွေမှာလည်းအဖိုးတန်အနိုင်ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသက် ၂၀နှစ်အရွယ် ဘယ်လင်ဂမ်ရဲ့ စွမ်းဆောင်ရည်က အဓိကတိုက်စစ်မှူး ဘန်ဇီးမားထွက်ခွာမှုကိုပါ မေ့ပျောက်စေခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်နဲ့ ဥရောပချန်ပီယံလိဂ်ဆုဖလားအပါအဝင် အဓိကဆုဖလား ၃ လုံးတွင် ချန်ပီယံဖြစ်ထားခဲ့တဲ့ မန်စီးတီးအသင်းကခေါ်ယူရန် ကြိုးစားခဲ့ရာပေမဲ့ အံ့အားသင့်ဖွယ်ရာငြင်းဆန်ကာမက်ဒရစ်အခြေစိုက်ကလပ်ကိုပြောင်းရွှေ့ခဲ့တဲ့ ဘယ်လင်ဂမ်အနေဖြင့် ယခုအချိန်တွင် ကမ္ဘာ့အဆင့် ခြေစွမ်းပြသနေနိုင်တာကြောင့် မှန်ကန်တဲ့ ပြောင်းရွှေ့မှုတစ်ရပ်ဖြစ်တဲ့အကြောင်း ဘောလုံးဝေဖန်သုံးသပ်သူအများစုက သုံးသပ်ပြောဆိုနေကြတာပဲဖြစ်ပါတယ်။

#လာလီဂါ #မန်စီးတီး #ရီးရဲလ်မက်ဒရစ် #ဘယ်လင်ဂမ်