ရှေ့သို့
Image

ပွဲမတိုင်ခင် အာချောင်တဲ့ ရော်နယ်ကိုးမန်းကို လှလှပပသွင်းဂိုးသွင်းပြပြီး ပါးစပ်ပိတ်ပေးလိုက်တဲ့ အမ်ဘာပေ

10:18 AM, 14 October

ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ ယမန်နေ့ညက နယ်သာလန်နဲ့ ယူရို၂၀၂၄ခြေစစ်ပွဲမှာ လှပတဲ့သွင်းဂိုးတစ်ဂိုးကို သွင်းယူပြခဲ့ပါတယ်။

အမ်ဘာပေဟာ ပွဲအစ၇မိနစ်မှာတင် ပြင်သစ်အတွက် ဦးဆောင်ဂိုးသွင်းခဲ့ပြီး သိပ်မကြာခင်မှာတင် လှပတဲ့ သွင်းဂိုးနဲ့ ဒုတိယဂိုးရယူနိုင်ခဲ့ပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟာ ကွင်းလယ်လူ ရာဘီယော့နဲ့အပေးအယူ ပြုလုပ်ကာ ဘီးကုပ်ထိပ်ကနေ လှလှပပ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

နယ်သာလန်ဂိုးသမား ဗာဘရူဂန်ဟာ ဂိုးရှေ့မှာရှိနေပေမယ့် အမ်ဘာပေရဲ့ပြင်းထန်အားပါတဲ့ ကန်ချက်ကို ဘယ်လိုမှ တားဆီးနိုင်ခြင်းမရှိခဲ့ဘဲ ဂိုးအဖြစ် ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒါဟာ အဆိုပါပွဲစဉ်မတိုင်ခင် နယ်သာလန်နည်းပြ ရော်နယ်ဒိုကိုးမန်းရဲ့ နယူးကာဆယ်နဲ့ပွဲစဉ်အတွင်း ပီအက်စ်ဂျီအတွက် ကစားပေးနေတဲ့ အမ်ဘာပေရဲ့ စွမ်းဆောင်ရည်အပေါ် ခနဲ့ခဲ့ပြီးနောက် ပြင်သစ်သားက နယ်သာလန်မြေမှာ သွင်းဂိုးတွေနဲ့ ပြန်လည်တုံ့ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာလည်း ယမန်နေ့ည နိုင်ပွဲကြောင့် ယူရို၂၀၂၄ပြိုင်ပွဲကို တိုက်ရိုက် ယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့ပါတယ်။ အမ်ဘာပေဟာ မနေ့ညက သွင်းဂိုး နှစ်ဂိုးကြောင့် ပြင်သစ်ရဲ့ စတုတ္ထမြောက် သွင်းဂိုးအများဆုံး ကစားသမားဖြစ်လာကာ ဂိုးအများဆုံးသွင်းထားတဲ့ ဂျီရော့ဒ်နဲ့ ၁၂ဂိုးသာ ကွာဟတဲ့ အနေအထားကို ရောက်လာခဲ့ပါတယ်။

#ရော်နယ်ကိုးမန်း #အမ်ဘာပေ ယူရို၂၀၂၄ခြေစစ်ပွဲ