ရှေ့သို့
Image

အင်္ဂလန်အသင်းဖော် မက်ဒီဆင်ကို ပြန်လည်ပြီး လက်စားချေလိုက်တဲ့ လီဗာပူးစတား အာနိုးလ်

9:25 AM, 14 October

လီဗာပူးနောက်ခံလူ အာနိုးလ်က မိမိကိုစနောက်ခဲ့တဲ့ မက်ဒီဆင်ကို ပြန်လည်ပြီး လက်စားချေလိုက်ပါတယ်။

ပြီးခဲ့တဲ့ တော့တင်ဟမ်နဲ့ပွဲတုန်းကဖြစ်ရပ်နဲ့ပတ်သက်ပြီး မက်ဒီဆင်က အာနိုးလ်ကို အရင်စနောက်ခဲ့တာဖြစ်ပါတယ်။ အမှန်တကယ်လည်း ဒီယက်ဇ်ရဲ့သွင်းဂိုးမှာ အငြင်းပွားဖွယ်ဖြစ်ခဲ့ပြီး အဲ့နောက် လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးနည်းပြ ကလော့ပ်ကတော့ အဆိုပါပွဲစဉ်ကို ပြန်လည်ကန်ဖို့ တောင်းဆိုနေပြီး မက်ဒီဆင်က အဆိုပါအခြေအနေနဲ့ ပတ်သက်ပြီး အာနိုးလ်ကို စနောက်ခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်စတားက အင်စတာဂရမ်မှာ “Still asking for a replay” ဆိုတဲ့ ခေါင်းစဉ် အာနိုးလ်ကို စနေက်ခဲ့ပါတယ်။ ဒါပေမယ့် အာနိုးလ်က Channel 4 နဲ့အင်တာဗျူးမှာ မက်ဒီဆင်ကို ပြန်ပြီးလက်စားချေခဲ့ပါတယ်။ VAR ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ အာနိုးလ်က “နာ့ချ် နိုး သူကအပေါ်ထောင့်ဖရီးကစ်ကို ဘယ်လိုကန်ရလဲဆိုတာ ကျွန်တော့်ကိုမေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် သူ့ကိုပြောပြခဲ့ပြီး လက်စတာနဲ့ပွဲတုန်းက ကန်ခဲ့တဲ့ဗီဒီယကိုပြန်ပြခဲ့ပါတယ်။ အဲ့နှစ်တုန်းက သူတို့လက်စတာက တန်းဆင်းသွားခဲ့တာပါ”လို့ အာနိုးလ်က ပြောကြားခဲ့ပါတယ်။ အမှန်တကယ်မှာလည်း အခုနှစ်အစောပိုင်းတုန်းက အာနိုးလ်က တတိယမြောက်ဂိုးသွင်းယူခဲ့ပြီး မေလ ၁၆ ရက်နေ့တုန်းက လက်စတာကို လီဗာပူးက ၃ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။

မက်ဒီဆင်နဲ့ အာနိုးလ်တို့ဟာ သောကြာနေ့မှာ ကစားမယ့် သြစတြေးလျနဲ့ခြေစမ်းပွဲမှာ အင်္ဂလန်အသင်းအတွက် ပါဝင်လာဖွယ်ရှိနေပါတယ်။

#လီဗာပူး #အင်္ဂလန် #အာနိုးလ် #မက်ဒီဆင်