ရှေ့သို့
Image

ဘယ်လင်ဂမ် အနေနဲ့ ယူနိုက်တက်ကို မရွေးချယ်တာ မှန်ကန်ခဲ့တဲ့လို့ သုံးသပ်ပြောဆိုလိုက်တဲ့ ပေါလ်စခိုး

3:58 PM, 13 October

ဒေါ့မွန်အသင်းနဲ့ အတူ ခြေစွမ်းပြရင်း ဥရောပဘုရင် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ခေါ်ယူခံရအပြီး လာလီဂါပြိုင်ပွဲအတွင်း ပွဲဦးထွက်ရာသီမှာ ကစားထားတဲ့ ပွဲစဉ် ၈ ပွဲအတွင်း သွင်းဂိုး ၉ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြကစားနေတဲ့ ဘယ်လင်ဂမ်နဲ့ ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ဓဝင်ကစားသမား တစ်ဦးဖြစ်တဲ့ ပေါလ်စခိုးက သုံးသပ်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ဘယ်လင်ဂမ် အနေဖြင့် ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန် အသင်းကို မပြောင်းရွှေ့မီ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ရန် နီးစပ်ခဲ့သေးပေမဲ့ ကလပ်အကြီးအကဲတွေနဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းအထိ ရောက်လာတဲ့ ဘယ်လင်ဂမ်သားအဖတို့အကြား ဆွေးနွေးပြောဆိုအပြီးမှာ အပြောင်းအရွှေ့က အထမမြောက်ခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းက ရွှေဘောလုံးဆုရှင် ဘန်ဇီးမားအပါအဝင် အဓိက ကစားသမားအချို့အား ရောင်းချထားရချိန်မှာ အရည်အသွေးမြင့် အလားအလာကောင်းတဲ့ ကစားသမားဖြည့်တင်းမှုတွေ ပြုလုပ်ထားတဲ့အထဲမှ ဘယ်လင်ဂမ်က သာမန်ကွင်းလယ်ကစားသမားတစ်ဦးထက် ထူးကဲသာလွန်တဲ့ စွမ်းဆောင်ရည်မျိုးကို ပြသထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘယ်လင်ဂမ်ရဲ့ ခြေစွမ်းမျိုး အရင်က မမြင်ခဲ့ဖူးကြသေးတဲ့အပြင် မန်ချက်စတာယူနိုက်တက် အသင်းကို ရောက်မလာခဲ့တဲ့ ဘယ်လင်ဂမ်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့ ပေါလ်စခိုးက“ကျွန်တော်တို့မြင်ဖူးခဲ့တဲ့ ကစားသမားအားလုံးတွေထဲ ဘယ်လင်ဂမ်လို အသက်အရွယ်မျိုးနဲ့ ဒီလောက်စွမ်းဆောင်နိုင်တာ တစ်ခါမှ မမြင်ဖူးခဲ့ကြသေးပါဘူး။ သူက အားလုံးထက်ကို ပိုကောင်းနေတာပါ”“လွန်ခဲ့တဲ့ နှစ်နှစ်လောက်အတွင်း ကျွန်တော်တို့ယူနိုက်တက်အသင်းက ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ အတော်လေး နီးစပ်ခဲ့ပေမဲ့ သူ့အနေနဲ့ ဒေါ့မွန်ကိုသာ ပြောင်းရွှေ့ကစားခဲ့ပါတယ်။ ဒါက မှန်ကန်တဲ့ လုပ်ရပ်တစ်ခုဖြစ်ခဲ့ပုံပါပဲ”လို့ သုံးသပ် ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပေါလ်စခိုးလ် #ဘယ်လင်ဂမ် #ပရီးမီးယားလိဂ်