ရှေ့သို့
Image

ရင်ဆိုင်ဖူးသမျှ ကစားသမားတွေထဲမှာ အခက်ခဲဆုံးပြိုင်ဘက်ကို ထုတ်ဖော်ပြောကြားလိုက်တဲ့ အာနိုးလ်

8:37 AM, 13 October

လီဗာပူးအသင်း နောက်ခံလူ အာနိုးလ်က သူရင်ဆိုင်ဖူးသမျှ ကစားသမားတွေထဲမှာ အခက်ခဲဆုံးဖြစ်တဲ့ပြိုင်ဘက်တစ်ဦးကို ထုတ်ဖော်ပြောကြားလိုက်ပြီး အဲ့အဖြေက မင်းကို အံ့အားသင့်စေမှာဖြစ်ပါတယ်။ အာနိုးလ်ဟာ ခြေစွမ်းကောင်းတွေနဲ့အတူ အခုနောက်ပိုင်းနှစ်တွေမှာ မော်ဒန်ဘောလုံးလောကရဲ့ထိပ်တန်းနောက်ခံလူတစ်ဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အသက် ၂၅ နှစ်သားဟာ သူ့ရဲ့ခံစစ်ပိုင်း စွမ်းဆောင်ရည်ကျဆင်းနေတာဖြစ်ပေမယ့် အင်္ဂလန်အသင်းမှာတော့ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ကစားသမားဘဝတစ်လျှောက်ရင်ဆိုင်ခဲ့ဖူးသမျှထဲမှာ အခက်ခဲဆုံးဖြစ်တဲ့ပြိုင်ဘက်ကို အာနိုးလ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ယူကျူ့ဘ်ချန်နယ်တစ်ခုနဲ့အင်တာဗျူးမှာ အာနိုးလ်က “ကျွန်တော် ဘရန်ဒန်ဘာကာကို ရွေးချယ်ချင်ပါတယ်။ ကျွန်တော် အသက် ၁၈ နှစ်တုန်းကယူ - ၂၁ အသင်းအတွက် ကစားပေးနေတာပါ။ ပထမဆုံးအကြိမ်အန်ဖီးလ်မှာ ၃ ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။ သူက ၂ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ကျွန်တော် မိနစ် ၆၀ လောက်မှာ လူစားဝင်လာတာပါ။ ဒီနေ့ထိ မှတ်မိနေတုန်းပါ။ ကျွန်တော်ရင်ဆိုင်ခဲ့ဖူးသမျှထဲမှာ သူက အခက်ခဲဆုံးပြိုင်ဘက်ပါ။ အဲ့အချိန်ကတည်း ဒီကောင်လေးဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာမယ်ဆိုပြီး ကျွန်တော်တွေးထင်မိပါတယ်။ ဘာလို့လဲဆိုော့ သူ့လိုမျိုးလျင်မြန်ပြီး ထက်မြက်တဲ့သူမျိုးမမြင်ဖူးပါဘူး။ ကျွန်တော် ဘရန်ဒန်ဘာကာကို ရွေးချယ်ချင်ပါတယ်”လို့ အာနိုးလ်က ပြောကြားခဲ့ပါတယ်။

ဘာကာဟာ မန်စီးတီးအကယ်ဒမီတစ်လျှောက်တိုးတက်လာခဲ့ပြီး ၂၀၁၉ မှာ ရိန်းဂျားစ်အသင်းထံပြောင်းရွှေ့သွားခဲ့ပါတယ်။ စကော့တလန်မြေမှာ စွမ်းဆောင်ရည်ကောင်းတွေ မပြသနိုင်ခဲ့တာကြောင့် ဘာကာဟာ ၂၀၂၃ တုန်းက ရက်ဒင်း နဲ့ အိုမီးနီးယားအသင်းတွေမှာ ခနတာကစားခဲ့ပါတယ်။

အသက် ၂၇ နှစ်သားဟာ မန်စီးတီးမှာ ၁၁ နှစ်ကြာအချိန်ကုန်ဆုံးခဲ့ပြီး စီနီယာအသင်းအတွက် ချဲလ်ဆီးကို ၄-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ၁ ပွဲ ပါဝင်ကစားပေးခဲ့ပါတယ်။ ဘာကာဟာ အင်္ဂလန်ယူ - ၁၈ ၊ ၁၉  နဲ့ ယူ ၂၀ တို့မှာလည်း ကစားခဲ့တာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာတော့ အာနိုးလ်ကို အင်္ဂလန်အသင်းဖော် မက်ဒီဆင်က စနောက်ခဲ့တာဖြစ်ပါတယ်။

မက်ဒီဆင်ဟာ လူမှုမီဒီယာမှာ လူသိများတာဖြစ်ပြီး အာနိုးလ်ရဲ့ပုံနဲ့ လူမှုမီဒီယာမှာ “ပြန်ကစားဖို့တောင်းဆိုနေဆဲ”ဆိုတဲ့ ကပ်ပရှင်နဲ့ စနောက်ခဲ့ပါတယ်။ တော့တင်ဟမ်နဲ့ လီဗာပူးအသင်းတို့ပွဲဟာ အငြင်းပွားဖွယ်ဖြစ်နေပြီး ဒီယက်ဇ်ရဲ့ဂိုးဟာ လူမကျွံခဲ့တာကြောင့်  ပြန်လည်ကစားဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။

#လီဗာပူး #အာနိုးလ် #ပရီးမီးယားလိဂ်