ရှေ့သို့
Image

ဘာစီလိုနာ အသင်းက ချန်ပီယံလိဂ်ကနေ စောစီးစွာမထွက်ခွာခဲ့ရသင့်ဘူးလို့ ပြန်ပြောင်းပြောဆိုလိုက်တဲ့ လီဝန်ဒေါစကီး

4:10 PM, 12 October

နည်းပြ ဇာဗီရဲ့ ဒုတိယမြောက်ဘောလုံးရာသီတွင် လာလီဂါဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းအနေဖြင့် ၂၀၂၂ - ၂၃ ခုနှစ် ဘောလုံးရာသီအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှ စောစီးစွာ ထွက်ခွာခဲ့ရတာနဲ့ ပတ်သက်လို့ အဓိက တိုက်စစ်ကစားသမား လီဝန်ဒေါစကီးက ဘာစီလိုနာအသင်းရဲ့ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရတဲ့ဖြစ်ရပ်က အကျည်းတန်ခဲ့ကြောင်း ဖွင့်ဟလိုက်တာပဲ ဖြစ်ပါတယ်။

လာလီဂါမှာပါ ချန်ပီယံဆုကာကွယ်ရေး အားစိုက်ပြင်ဆင်နေချိန်မှာ စပိန်အခြေစိုက် နာမည်ကျော် သတင်းဌာနတစ်ခုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းရဲ့ အားထားရတဲ့ အသက် ၁၉ နှစ်အရွယ် ကွင်းလယ်ကစားသမားအနေဖြင့် စပိန်လက်ရွေးစင်အသင်းရဲ့ လေ့ကျင့်မှုအစီအစဉ်အတွင်း လက်ရွေးစင်အသင်းဖော် ဝီလီယံနဲ့အတူ ဒဏ်ရာရသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဒဏ်ရာရ ကစားသမားစာရင်းတွင် အဓိက ကစားသမားတွေဖြစ်တဲ့ လီဝန်ဒေါစကီး၊ ဖရန်ကီဒီဂျောင်၊ ပက်ဒရီ၊ ရာဖင်ဟာတို့ ပါဝင်နေတဲ့ အပြင် ကွန်ဒီပါ ဒဏ်ရာထပ်မံရသွားခဲ့တာကြောင့် အဓိက ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပွဲစဉ်တွင် ကစားရခက်ခဲနိုင်တာလည်း ဖြစ်ပါတယ်။

လာလီဂါအမှတ်ပေးပြိုင်ပွဲအတွင်း ချန်ပီယံအဖြစ် ဆုဖလားကိုင်မြှောက်နိုင်ခဲ့ပေမဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်းမှာ မထင်မှတ်ထားပဲ စောစီးစွာ ထွက်ခွာခဲ့ရတာနဲ့ ပတ်သက်လို့ ပိုလန်တိုက်စစ်ကစားသမား လီဝန်ဒေါစကီးက “ကျွန်တော်တို့အသင်း အနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ကနေ စောစောစီးစီးထွက်ခွာခဲ့ရတာကြောင့် ဒီနှစ်မှာ ပိုပြီးအားထုတ်ဖို့လိုလာပါပြီ” “ကလပ်အသင်းတစ်ခုလုံးအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအပေါ်မှာ အဓိက အာရုံစိုက်ထားပြီး ပြင်ဆင်မှုတွေလည်း ပိုပြီး လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ထွက်ခွာလိုက်ရတာက အတော်လေးအကျည်းတန်ခဲ့ပေမဲ့ ဒီနှစ်မှာ ပိုပြီးတည်ငြိမ်နေပါပြီ။ ချန်ပီယံလိဂ်မှာ ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ရေးအတွက် ကျွန်တော်တို့ အားလုံးရည်ရွယ်ထားပါတယ်” လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #လီဝန်ဒေါ့စကီး