ရှေ့သို့
Image

ရွန်းနီကို နည်းပြအဖြစ် ခန့်အပ်ခဲ့ကြောင်း ဘာမင်ဂမ်အသင်း အတည်ပြု

10:18 AM, 12 October

လာမယ့်စနေနေ့မှာ ကစားမယ့် မစ်ဒယ်ဘရော့နဲ့ ပွဲမတိုင်ခင် ဘာမင်ဂမ်စီးတီးအသင်းက ဝိန်းရွန်းနီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ကြောင်း အတည်ပြုလိုက်ပါတယ်။ မေဂျာလိဂ်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီးနောက် အခုအပတ်အစောပိုင်းတုန်းက ရွန်းနီဟာ ယခင်ဘာမင်ဂမ်နည်းပြ ဂျွန်အက်စ်တာအေ့စ်နေရာမှာ အစားဝင်လာခဲ့တာဖြစ်ပါတယ်။

ရွန်းနီဟာ ဘိုရိုနဲ့ပွဲမှာ ပထမဆုံးနည်းပြအဖြစ် စတင်ကိုင်တွယ်မှာဖြစ်ပြီး ယူနိုက်တက်ဂန္ထဝင်ဟောင်း မိုက်ကယ်ကားရစ်နဲ့ ပြန်လည် ပေါင်းဆုံရမှာဖြစ်ပါတယ်။ ရွန်းနီအပြင် ကာရစ်ဟာ အသင်းဖော်ဟောင်းဖြစ်တဲ့ ဂျွန်အိုရှေးလ်၊ အင်္ဂလန်အသင်းဖော် အက်ရှ်လေကိုးလ်တို့နဲ့ပါ ပေါင်းဆုံရမှာဖြစ်ပါတယ်။

နည်းပြရာထူးကို ရယူအပြီးမှာ ရွန်းနီအနေနဲ့ ဘိုရိုနဲ့ပွဲအတွက် တစ်ပတ်လောက်သာ ပြင်ဆင်မှုရှိနေပါတယ်။ “ကျွန်တော် ဘာမင်ဂမ်စီးတီးကို ပြောင်းခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းတဲ့အချိန်ပါ။ သူတို့မှာ အစီအစဉ်ရှိသလို အသင်းရဲ့ရည်မှန်းချက်ကလည်း ကောင်းမွန်တယ်ဆိုတာ ရှင်းလင်းနေပါတယ်။ ကျွန်တော်တို့ မျှော်လင့်ထားသလို အပြည့်အဝပူးပေါင်းသွားမှာပါ။ ကျွန်တော့်နည်းပြဘဝကို စိန်ခေါ်မှုတွေရှိတဲ့နေရာမှာပဲ တည်ဆောက်ပါတယ်။ ဒီအခွင့်အရေးအတွက် အဆင်သင့်ရှိနေပြီလို့ ကျွန်တော်ထင်ပါတယ်။ အခုပရောဂျက်ကပေးတဲ့ အခြေအနေကို ကျွန်တော် မစောင့်နိုင်အောင်ဖြစ်နေပါပြီ။ အသင်းမှာက လူငယ်ခြေတက်ကစားသမားတွေရှိနေပါတယ်။ အချို့ဆိုရင် ပထမအသင်းကိုတောင် ရောက်နေပါပြီ။ အသင်းကို ကျွန်တော်ကစားချင်တဲ့ နည်းလမ်းရှိပါတယ်။ ကျွန်တော့်နည်းပြအဖွဲ့ဝင်တွေနဲ့အလုပ်လုပ်ဖို့ ပြင်ဆင်ထားပြီးပါပြီ။ အသင်းမှာ အနိုင်ရလိုစိတ်ကို ထည့်သွင်းပေးသွားမှာပါ။ ကျွန်တော် စိန့်အန်ဒရူးမှာ ကစားခဲ့ပါတယ်။ ဘာမင်ဂမ်အသင်း ပရိသတ်တွေက သူတို့အသင်းကို အသံကျယ်ကျယ်အပြင် စိတ်အားထက်သန်မှုအပြည့်နဲ့အားပေးတာပါ။ ဒီကိုလာပြီးကစားရတာက တကယ်ကို ခက်ခဲပါတယ်။ ဒီလိုအတွေ့အကြုံမျိုးရအောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ။ ကျွန်တော့်အလုပ်က အသင်းကို နောက်တစ်ဆင့်တင်ပေးနိုင်ဖို့ပါ”လို့ ရွန်းနီက ပြောကြားခဲ့ပါတယ်။

ဘာမင်ဂမ်စီအီးအို ဂယ်ရီကွတ်ခ်ကလည်း “ရွန်းနီ ရောက်လာတာကို ကျွန်တော်တို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်။ သူ့လိုနည်းပြမျိုးကိုခေါ်ယူနိုင်ခဲ့တဲ့အတွက် အသင်းကအရမ်းကောင်းလာမယ်လို့ ထင်ပါတယ်။ ဝိန်းက နည်းပြကောင်းတစ်ဦးဖြစ်သလို လူငယ်တွေကိုလည်း မြေတောင်မြှောက်ပေးနိုင်ပါတယ်။ အသင်းဝန်ထမ်းတွေနဲ့ပေါင်းစပ်ပြီး ရွန်းနီအတွက် ဇန်နဝါရီမှာကော နွေရာသီမှာပါ ကစားသမားကောင်းတွေခေါ်ယူပေးသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
#ရွန်းနီ #ဘာမင်ဂမ်