ရှေ့သို့
Image

မကာအိုနဲ့ပွဲစဉ်မှာ ဂိုးတွေ ပိုသွင်းနိုင်ဖို့ ပြင်ဆင်ထားကြောင်း ပြောလာတဲ့ မြန်မာနည်းပြချုပ်

8:51 AM, 12 October

ယနေ့ညနေ ၄နာရီအချိန်မှာတော့ မြန်မာအသင်းဟာ မကာအိုအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအကျော့ကို ကစားဖို့ရှိနေပြီး နည်းပြချုပ် Miachel Feichtenbeinerက ဒီပွဲမှာ အရင်ပွဲတွေကထက် ဂိုးပိုသွင်းနိုင်ဖို့ ပြင်ဆင်ထားကြောင်း ပြောခဲ့ပါတယ်။

မြန်မာအသင်းဟာ ရှေ့ပွဲစဉ်တွေမှာ ဂိုးသွင်းနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး တိုက်စစ်ကလည်း အချိတ်အဆက်တွေ လွဲချော်နေခဲ့ပါတယ်။ ဒါပေမယ့် ခံစစ်ကတော့ စွမ်းဆောင်ရည်ကောင်းပြနေခဲ့ပြီး နောက်ဆုံးသုံးပွဲဆက် ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Miachelက "ကျွန်တော့်အနေနဲ့ ဒီပွဲမှာ ရလဒ်ကောင်းဖို့၊ခြေစွမ်းကောင်း ဖို့၊ ဒုတိယအကျော့ပွဲစဥ် ကစားရမှာ အထောက်အကူဖြစ်စေဖို့  ပြင်ဆင်သွားမှာဖြစ်ပါတယ်။ ပထမအကျော့ကို အိမ်ကွင်းမှာ ကစားရတာကြောင့် အခွင့်အရေးကောင်းကို အပိုင် အသုံးချရမှာ ဖြစ်ပါတယ်။ မကာအိုကို ခြေစမ်းပွဲမှာ နိုင်ထားပေမယ့် အာရုံစိုက် ကစားသွားရမှာ ဖြစ်ပါတယ်။ ပရိသတ် အားပေးမှုနဲ့အတူ ရလဒ်ကောင်းယူဖို့ မျှော်လင့်ထားပါတယ်။ ပြီးခဲ့တဲ့ ပွဲတွေမှာ သွင်းဂိုးနည်းခဲ့ပေမယ့် နောက်ဆုံး ၃ပွဲဆက် ဂိုးမပေးခဲ့ရပါဘူး။ အသင်း တစ်သင်းဟာ ခံစစ်၊ တိုက်စစ် ဟန်ချက်ညီဖို့ လိုပါတယ်။ ဂိုးတွေ ပိုသွင်းနိုင်ဖို့ ပြင်ဆင်ထားပါတယ်။ အဓိက ဂိုးသမား ကျော်ဇင်ဖြိုး ဒဏ်ရာကြောင့် မပါပေမယ့် အခြားဂိုးသမား ကောင်းတွေရှိနေလို့ ပြဿနာမရှိပါဘူး။ လေ့ကျင့် ပြင်ဆင်ချိန် ရက်ပိုင်းသာရပေမယ့် အကောင်းဆုံး ရလဒ်ယူနိုင်ဖို့ ကစားသမားတွေကြိုးစားနေကြပါတယ်"လို့ ပြောခဲ့ပါတယ်။

မြန်မာအသင်းခေါင်းဆောင် မောင်မောင်လွင်က "မကာအိုကို ခြေစမ်းပွဲမှာ နိုင်ထားပေမယ့် မတူညီတဲ့ပွဲ ကစားရမှာ ဖြစ်တာကြောင့် ထင်သလောက် လွယ်ကူမှာ မဟုတ်ပါဘူး။ ပြင်ဆင်ချိန်က ရက်ပိုင်းသာရှိပေမယ့် ပြဿနာ မရှိပါဘူး။ ဒီပွဲက ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ရှိပြီး ရလဒ်ကောင်းဖို့ ကြိုးစားသွားမှာပါ"လို့ ဆိုခဲ့ပါတယ်။

#ကမ္ဘာ့ဖလားခြေစစ်ပွဲ #မကာအို