ရှေ့သို့
Image

မန်ချက်စတာယူနိုက်တက်သို့ ပထမဆုံးအကြိမ်ပြန်လည် ရောက်ရှိလာခဲ့တဲ့ ဒီဂီယာ

10:17 AM, 11 October

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာသွားခဲ့တဲ့ ဂိုးသမား ဒေးဗစ်ဒီဂီယာဟာ ယနေ့နံနက်အစောပိုင်းက အသင်းသို့ပထမဆုံးအကြိမ်ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

စပိန်သားဟာ မန်ချက်စတာယူနိုက် အမျိုးသမီးအသင်းနဲ့ ပီအက်စ်ဂျီအမျိုးသမီးအသင်းတို့ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို Leigh Sport Village မှာလာရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။ အသက်-၃၂ နှစ်အရွယ် ကစားသမားဟာ နွေရာသီ အပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်တို့လိုအသင်းကြီးတွေနဲ့ ချိတ်ဆက်မှုတွေပြုလုပ်ခဲ့သော်လည်း ယခုချိန်အထိ အသင်းလက်မဲ့ဖြစ်နေဆဲဖြစ်ပါတယ်။

Daily Mail ရဲ့အဆိုအရ ဒီဂီယာဟာ Hale မှာရှိတဲ့ ၎င်းရဲ့အိမ်ဟောင်းကိုသွားပြီး ကျန်ရစ်ခဲ့တဲ့ ပစ္စည်းအချို့ကို ရှာဖွေရန် ပြန်လာခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ဂိုးသမားဟာ ၎င်းရဲ့မွေးရပ် မက်ဒရစ်သို့မပြန်ခင် မန်ချက်စတာမှာ ရက်အနည်းငယ်လောက်ဆက်နေသွားမယ်လို့ ယူဆရပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီဂီယာ #ပရီးမီးယားလိဂ်