အန်ကီတီယာနေရာမှာ ဟားဗက်ဇ်နဲ့ အစားထိုးသင့်ကြောင်း အီယန်ရိုက် အကြံပြု
8:58 AM, 11 October
မန်စီးတီးနဲ့ပွဲမှာ ဟီးရိုးဖြစ်ခဲ့တဲ့ ဟားဗက်ဇ်ကို တိုက်စစ်ပိုင်းနေရာဖြစ်တဲ့ အန်ကီတီယာနေရာမှာ အစားထိုးသင့်တယ်လို့ အာဆင်နယ်ဂန္ထဝင်ဟောင်း အီယန်ရိုက် အကြံပြုလိုက်ပါတယ်။
ဟားဗက်ဇ်ဟာ မန်စီးတီးနဲ့ပွဲတုန်းက အရန်ခုံကနေ လက်ကျန် ၁၅ မိနစ်ကို လူစားဝင်ကစားခဲ့ပြီး မာတီနယ်လီရဲ့သွင်းဂိုးကို ဖန်တီးနိုင်ခဲ့ပါတယ်။ အသက် ၂၄ နှစ်သားဟာ နွေရာသီအပြောင်းအရွှေ့တုန်းက ချဲလ်ဆီးထံကနေ ပေါင် ၆၅ သန်းနဲ့ အာဆင်နယ်အသင်းထံ ပြောင်းလာခဲ့တာဖြစ်ပြီး ဘုန်းမောက်ကို ၄ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှာ အသင်းအတွက် ပထမဆုံးဂိုးကို ပင်နယ်တီကနေ သွင်းယူပေးခဲ့ပါတယ်။
အီယန်ရိုက်က မန်စီးတီးနဲ့ပွဲမှာ ပါဝင်ခဲ့တဲ့ အန်ကီတီယာရဲ့ခြေစွမ်းကို စိတ်ပျက်နေပြီး အင်္ဂလန်သားဟာ ဒီရာသီ ၁၁ ပွဲမှာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ကာ အာဆင်နယ်ဂန္ထဝင်က ဟားဗက်ဇ်ကို သူ့နေရာမှာ အစားထိုးစေချင်နေပါတယ်။
“ဘာလဲဆိုတာ မင်းသိလား။ ဟားဗက်ဇ်အနေနဲ့ အဲ့နေရာကို မသွားခဲ့ရင် စီးတီးနဲ့ပွဲမှာ နိုင်မယ်လို့တောင် မထင်ပါဘူး။ ဘာလို့လဲဆိုတော့ အချို့အချိန်တွေမှာ ကျွန်တော်ပြောခဲ့ပါတယ်။ အက်ဒီက ကျွန်တော်ပြောသလို သူက အလုပ်အများကြီးလုပ်ရပါဦးမယ်။ သူ့အနေနဲ့ အများကြီးပြေးရဦးမှာပါ။ ဒါပေမယ့် မင်းအနေနဲ့ ကစားကွက်တည်ဆောက်ပုံအပေါ်မူတည်ပြီး ဘယ်ကော ညာကောသွားရမှာပါ။ ဟာဗက်ဇ်လိုဘော်ဒီမျိုးလိုအပ်သလို အလယ်ကိုအာရုံစိုက်ပြီး သောမက်စ် မတင်ပေးလိုက်တာကို ပြန်ချပေးဖို့ လိုအပ်ပါတယ်။ ဟားဗက်ဇ်ဝင်လာတာက ကျွန်တော်တို့အတွက် ပိုကောင်းလာခဲ့တာပါ။ အက်ဒီနဲ့က အလုပ်ဖြစ်တယ်ဆိုပေမယ့် စီးတီးနဲ့ပွဲမှာက အခွင့်အရေးအနည်းငယ်ပဲရတာပါ။ အဲ့ထဲက အခွင့်အရေးတစ်ခုကို အသုံးမချရင် မင်းအနေနဲ့ နိုင်ဖို့ ဝေးသွားပါပြီ။ ဒီနေ့ပွဲမှာ သူအဆင်ပြေခဲ့သလို အခွင့်အရေးအများကြီးမရခဲ့တာက စိတ်ပျက်စရာဖြစ်ပေမယ့် အဆုံးသတ်မှာ သူအထုတ်ခံခဲ့ရပါတယ်”လို့ အီယန်ရိုက်က ပြောကြားခဲ့ပါတယ်။