ရှေ့သို့
Image

လူကာကူအတွက် ပေါင်သန်း ၆၀ ခန့် အထိနာဖွယ်ရှိနေတဲ့ ချဲလ်ဆီး

1:42 PM, 10 October

ကက်ဂလီယာရီအသင်းနဲ့ ရိုးမားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်အတွင်း နည်းပြ မော်ရင်ဟိုရဲ့ ရိုးမားအသင်းက ၁ဂိုး - ၄ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပြီး ရိုးမားအသင်းအတွက် သွင်းဂိုး ၂ဂိုး အထိသွင်းယူပေးနိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူးလူကာကူကို အပြီးဝယ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပါ သဘောတူညီမှု ရယူနိုင်ခဲ့ရာ ချဲလ်ဆီးအသင်းက ကစားသမားအတွက် ပေါင်သန်း ၆၀ အထိ နစ်နာသွားမှာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက ရိုးမားအသင်းကို ၂၀၂၁ ခုနှစ်မှာ အင်တာမီလန်အသင်းကနေ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅သန်း ဖြင့် ဝယ်ယူထားခဲ့တာဖြစ်ပေမဲ့ ထိုက်သင့်တဲ့ ခြေစွမ်းပိုင်း မပြသနိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီအတွင်း အင်တာမီလန်အသင်းကို အငှားချထားခဲ့တာ ဖြစ်ပါတယ်။ အင်တာမီလန်အသင်းနဲ့အတူ အတိုင်းအတာတစ်ခုအထိ ပုံစံကောင်းရနေခဲ့ပေမဲ့ မီလန်ကလပ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့အကြားအတွင် လူကာကူကို ခေါ်ယူရေးအတွက် ဆွေးနွေးရာမှာ သဘောတူညီမှု မရခဲ့တာကြောင့် လူကာကူရဲ့ အပြောင်းအရွှေ့ကိစ္စက အတော်လေး ရှုပ်ထွေးခဲ့ရတာလည်း ဖြစ်ပါတယ်။

တိုက်စစ်ပိုင်း ဖြည့်တင်းရန် ပြင်ဆင်နေတဲ့ နည်းပြ မော်ရင်ဟိုရဲ့ ရိုးမားအသင်းက ဂျူဗင်တပ်စ်အသင်းနဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်နေတဲ့ လူကာကူကို တစ်ရာသီအငှားဖြင့် ခေါ်ယူရန် သဘောတူညီမှုရယူနိုင်ခဲ့ကာ လူကာကူက ရောမအခြေစိုက်ကလပ်နဲ့အတူ ထိပ်တန်းဂိုးသွင်းရှင်တစ်ဦးအဖြစ် သက်သေပြထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဝေဖန်မှုတွေအကြားမှ ရောမမြို့ကြီးကို ရောက်လာကာ ရိုးမားအသင်းနဲ့အတူ သွင်းဂိုးတွေ ဆက်တိုက် ဖော်ဆောင်ထားနိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူအနေဖြင့် ကက်ဂလီယာရီအသင်းနဲ့ ပွဲစဉ်မှာလည်း သွင်းဂိုး  ၂ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြလိုက်နိုင်တာ ဖြစ်ပါတယ်။

နိုင်ငံတကာပွဲစဉ်တွေ ကစားမှာဖြစ်တာကြောင့် လကပ်အသင်းပွဲစဉ်တွေကို ခေတ္တရပ်ဆိုင်းထားမှာဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်နေ့တွင် လူကာကူရဲ့ ရိုးမားအသင်းက မွန်ဇာအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။ စီးရီးအေ ရာသီအစမှ ရလဒ်ပိုင်း သိသိသာသာအားနည်းခဲ့ပေမဲ့ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ နိုင်ပွဲတွေ ရလာနေတဲ့ ရိုးမားအသင်းက အဓိကဂိုးသွင်းရှင်ဖြစ်နေတဲ့ လူကာကူအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၇သန်း ဖြင့် ၂၀၂၄ ခုနှစ် ရာသီကြို အပြောင်းအရွှေ့ကာလ အတွင်းမှာ ခေါ်ယူရန် ချဲလ်ဆီးအသင်းနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

#စီးရီးအေ #ရိုးမား #လူကာကူ #အင်တာမီလန်