ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ် ကစားသမားတွေရဲ့ အတိုင်းထက်အလွန် ချီးကျူးထာပနာပြုခံနေရတဲ့ ဘယ်လင်ဂမ်

11:08 AM, 10 October

လာလီဂါပွဲစဉ် (၈) အဖြစ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အိုဆာဆူနာ အသင်းတို့ ကစားတဲ့ ပွဲစဉ်အတွင်း ရီးရဲလ်မက်ဒရစ်အသင်းက ၄ဂိုး - ၀ဂိုး ရလဒ်ဖြင့် အနိုင်ကစားနိုင်ခဲ့ပြီး ယခုနှစ်မှ ရောက်လာကာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်က မက်ဒရစ်အခြေစိုက်ကလပ်အသင်းအတွက် သွင်းဂိုး ၂ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာကြောင့် ကလပ်အသင်းဖော်တွေက ချီးကျူးဂုဏ်ပြုနေကြတာပဲ ဖြစ်ပါတယ်။

နည်းပြ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလ အတွင်း ရွှေဘောလုံးဆုရှင် ဘန်ဇီးမားအပါအဝင် ထိပ်တန်းကစားသမားအချို့အား ရောင်းချအပြီးမှာ ထပ်မံအားဖြည့်မှုအနေဖြင့် ခေါ်ယူထားခဲ့တဲ့ ကစားသမားတွေအထဲမှ ဘယ်လင်ဂမ်က အထူးခြေစွမ်းပြနိုင်ခဲ့ပြီး ဘယ်လင်ဂမ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပက်သက်ပြီး ဘောလုံးသုံးသပ်သူ အများစုက ချီးကျူးနေကြရတာပဲ ဖြစ်ပါတယ်။

လာလီဂါ ချန်ပီယံဆုအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်းမှာ အောင်မြင်မှုရရေးအတွက် ပြင်ဆင်လုပ်ဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက မိုဒရစ်၊ တိုနီခရူးစ်တို့နေရာအတွက် အားဖြည့်မှုပြုလုပ်တဲ့အနေဖြင့် ဒေါ့မွန်အသင်းနဲ့အတူ ခြေစွမ်းပြကစားနေတဲ့ အသက် ၂၀နှစ်အရွယ် ဘယ်လင်ဂမ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ကျော်ဖြင့် တန်ကြေးမြင့်မားစွာ ပေးချေခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါပွဲစဉ် ၈ ပွဲသာ ကစားပြီးချိန်တွင် သွင်းဂိုး ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို မက်ဒရစ်ကလပ်အတွက် ချန်ပီယံလိဂ် ပွဲစဉ်တွေမှာလည်း အဖိုးတန်အနိုင်ဂိုး သွင်းယူနိုင်ခဲ့တဲ့ အသက် ၂၀နှစ်အရွယ် ဘယ်လင်ဂမ်ရဲ့ စွမ်းဆောင်ရည်က အဓိက တိုက်စစ်မှူး ဘန်ဇီးမား ထွက်ခွာမှုကိုပါ မေ့ပျောက်စေခဲ့တာ ဖြစ်ပါတယ်။

နာပိုလီအသင်းနဲ့ ပွဲစဉ်တွင် ထိပ်တန်းအဆင့် သွင်းဂိုး ၁ ဂိုး ထပ်မံသွင်းယူနိုင်ခဲ့သလို အိုဆာဆူနာအသင်းနဲ့ကစားတဲ့ လာလီဂါမှာပါ သွင်းဂိုး ၂ ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် ဘယ်လင်ဂမ်ရဲ့ စွမ်းဆောင်ရည်အပေါ် နည်းပြ အန်ဆယ်လော့တီရဲ့ အဓိက ကစားသမားတွေအဖြစ် အားထားနေရတဲ့ ဗင်နီစီးယက်စ်နဲ့ ဗယ်လ်ဗာဒီအပါအဝင် ကလပ်အသင်းဖော် ကစားသမားအချို့ကပါ ချီးကျူးနေကြတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ တောက်ပနေတဲ့ ဘယ်လင်ဂမ်အနေဖြင့် နိုင်ငံတကာပွဲရက်များအတွင်း အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးသွားရမှာပဲ ဖြစ်ပါတယ်။

#လာလီဂါ #အိုဆာဆူနာ #ရီးရဲလ်မက်ဒရစ် #ဘယ်လင်ဂမ်